Part-1

169 7 0
                                    

"ဆရာမ ကလေးကမထွက်လာသေးဘူးလားဗျ" အသက်၅၈နှစ်အရွယ် spacer company ၏ဥက္ကဌ ဖြစ်သူ ပထမဆုံး မြေးဦးလေးအားစိတ်ပူနေမိသည်။

တဖက်တွင်
"မိန်းမ ကိုရှိတယ်နော် အားတင်းထား
ကလေးကထွက်တော့မှာ အားတင်းထားနော်"
"ကျွန်မမရတော့ဘူး အရမ်းနာနေပီး နာနေတာထက်ကြောက်တယ် ကျွန်မသမီးလေးမွေးတာသိသွားရင် အဖေ ကလေးကို........(ငိုသံဖြင့်)"
"ကို စီစဉ်ထားတယ်ပြောပီးပီဘံ ကိစ္စမရှိဘူး မင်းသာအားတင်ထား အသက်၀အောင်ရှု အဲ့ဒါမှ ကလေးကထွက်နိုင်မှာ"

တစ်နာရီအကြာ
(ကလေးငိုသံ)
"သခင်လေးဗျ ဒီမှာပါ သခင်လေး‌ရဲ့ကလေးပါ"
"ဖေဖေ ကလေးလေးကွာ ချစ်ဖို့ကောင်းလိုက်တာ ဖေဖေနဲ့တစ်ပုံစံထဲ.... ဆရာဗျ ဒီကလေးကိုချက်ချင်းတော့ ကျွန်တော့် အဖေရှေ့ပြလို့မဖြစ်ဘူး ကျွန်တော်စီစဉ်ထားတယ့်အတိုင်း တခြားေယာက်ျားလေးဖြစ်တယ့် ကလေးဘဲပြထားပေးပါ ၊ အဖေပြန်သွားမှကျွန်တော့်ကလေးကိုပြန်လာခေါ်ပါ့မယ်"
"စိတ်ချပါဆရာ ကျွန်တော် သေချာစောင့်ရှောက်ထားလိုက်ပါ့မယ်"
"ဟာ ကွာ ဒါမှ ငါတို့ရဲ့မျိုးဆက်လေး ၊ဒီအဖိုးကြီးတော့သေပျော်ပါပီကွာ စိတ်ပူလိုက်ရတာ မိန်းကလေးသာဖြစ်ရင်တော့ဆိုပီး ခုမှစိတ်ချရတော့တယ် ငါ့မြေးထီးလေ" ဦးအနဂ္ဂ၏ပုခုံးလေးကို ကိုင်ရင် း"ဂုဏ်ယူပါတယ် အဖေ အဖေ့ဆန္ဒတွေပြည့်သွားပီ မို့လို့ " ငါ့ သားအကြီးမှာသာ မွေးခဲ့ရင် အဖေပိုပျော်မိမှာ ခက်တာ မင်းမိန်းမက ကလေး မှမရနိုင်တာ မင်းကိုက ညံတာပါ"
"အဖေရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်"
ဦးအနဂ္ဂကသားအကြီးဦးစိုးမင်း‌‌ေပြာသည်ကိုလျစ်လျူရှု၍
"ကဲကဲ ငါ့သားငယ်လေးနဲ့ချွေးမလေး ပင်ပန်းသွားပီ နားလိုက်အုံး အဖေတို့ပြန်ကြတာပေါ့ကွာ နော်"
"ဟုတ်အဖေ "
"ဒါဆိုသွားပီကွာ"
"အကိုသွားပီ ငါ့ညီမင်းမြတ်ရေ ဂုဏ်ယူပါတယ်ကွာ"
"ဟုတ်‌ေကျးဇူးပါ အကိုရာ အဖေပြောတာစိတ်ထဲမထားနဲ့၊အဖေကသိတယ့်အတိုင်းဘဲ"
"အေးပါကွာ အကိုအ‌ေဖ့ကိုနားလည်ပါတယ် အကိုသွားပီနော်"
"ဟုတ်"
ခနအကြာ
"ကို ကျွန်မတို့သမီးလေး ဘယ်မှာလဲ ကျွန်မတွေ့ချင်လှပီ "
"နေပါအုံး မြရယ် ကိုသွားခေါ်ပေးမယ်"

.............

"ဒီမှာ သမီးလေး ရော့"
"ကျွန်မသမီးလေးက အရမ်းချစ်ဖို့ကောင်းတာ ကိုရယ် မျက်တောင်လေးတွေက ကော့လို့"
"ကိုနဲ့တူတာပါနော် နှာခေါင်းလေးတွေ နှာတံ‌လေးတွေက အစ "
"ကို သမီးလေး ကို မြတို့ အကောင်းဆုံးစောင့်ရှောက်သွားရအောင်နော်"
"စိတ်ချပါ ကိုအားလုံးစီစဉ်ပီးသား သမီးလေးရဲ့ဘ၀မှန်ကိုဘယ်သူမှမဖော်ထုတ်နိုင်အောင် ကိုအသက်နဲ့ရင်းပီးစောင့်ရှောက်ပေးမယ်"
"ဟုတ်ကဲ့ပါ သမီးလေးရေ အိပ်နေတာလေးကချစ်စရာလေး ကိုရယ် "
"ဟုတ်ပါ့"

ငါးနှစ်ကြာပီးနောက်

ကလေးသံများနှင့်ဆူညံနေသော မူကြိုခန်းတစ်ခု
"‌ငါ့ကိုဒီအရုပ်ပေး ထိပ်ထား"
"မပေးနိုင်ပါဘူး၊ဒါငါ့အရုပ်လေ နင့်မှာလည်းအရုပ်ရှိတာဘဲ ကောင်းကင်ရဲ့"
"မရဘူးဟာပေး"
"မပေးဘူး"
ထိုအချိန်တွင်ကစားနေရမှာရုတ်တရက်ထလာသောအနဂ္ဂနှင့်ဆန်းသစ်
"ကောင်းကင်ရာ မင်းလည်း ထိပ်ထားဆော့နေတယ့်အရုပ်ပေးလိုက်ပါ မင်းမှလည်းအရုပ်ရှိတာဘဲ"
"မရဘူးကွာ ငါဒါကိုလိုချင်တယ်၊လွတ်........"
ပြိုင်တူလုဆွဲရင်းဖြင့်ထိပ်ထားလဲကျသွားသည်။ထိုအချိန်အနဂ္ဂ၏ဒေါသကိုမထိန်းနိုင် ကောင်းကင်အားပြန်တွန်းလိုက်သည်။
"အားးးးးးးးး"
"မင်းထိပ်ထားကို နောက်တခါအဲ့လိုလုပ်ရင်ငါနဲ့တွေ့မယ်, ထလို့ရလားထိပ်ထား"
"ရပါတယ် ငါအဆင်ပြေတယ်"ထိပ်ထားလေးအကြည့်များသည် အနဂ္ဂဆီသို့သာဦးတည်နေပြီး ဘာပြောရမှန်းမသိ တွေဝေနေသည်။

ကျောင်းဆင်းချိန်

"မေမေ........."
"သားလေးးးး မေမေသားလေးကျောင်းသွားရတာပင်ပန်းနေပီလား"
"ပင်ပန်းပါဘူး.....အော် မေမေသားခနနေ ဆန်းသစ်အိမ်မှာသွားဆော့မလို့ရတယ်မလား"
"ဒီနေ့တော့မရဘူးသား သားဖိုးဖိုးကုမ္မဏီနှစ်ပတ်လည် အတွက် ညစာစားပွဲရှိတယ် မေမေတို့လည်းသွားရမှာ နောက်နေ့မှသွားဆော့"
"အင်းပါ ဒါဆိုလည်း နောက်နေ့ပေါ့ သားအပေါ်တတ်တော့မယ်"
"ဟုတ်ပါပီရှင့်"

အနဂ္ဂ၏နောက်ကျောလေးကိုကြည့်ရင်း

""ငါသားလေး အင်းးးငါသမီးလေးအရွယ်လေးနည်းနည်းရောက်လာပီ မလိုလားအပ်တယ့်အန္တရယ်တွေမပေါ်လာခင် သူ့ကိုအမှန်တို
င်းပြောပြမှဘဲ၊စိတ်ချ‌မေမေသားလေးကိုအစွမ်းကုန်ကာကွယ်ပေးမယ်""

Mirror Where stories live. Discover now