ယနေ့သည် အတန်းထဲထိုင်ခုံလဲထိုင်ရမည်နေ့ဖြစ်သည်။စုံဂဏာန်းနှင့်မဂဏန်းအစဥ်လိုက်ဖြစ်ပါကတွဲထိုင်ရသည်။
"နံပါတ်ဆယ်နှစ်ကဘယ်သူလဲ"
"သမီးပါတီချယ် "
"ထိပ်ထား ဒါဆိုရင်ဆယ့်တစ်က အနဂ္ဂဆိုတော့တူတူထိုင်ပီး အနဂ္ဂကိုကူညီလိုက်ပါနော် သမီး"
"ဟုတ်ကဲ့ တီချယ်"
စာသင်ချိန်တစ်ချိန်ပီးတချိန်ကုန်ဆုံးခဲ့သည်။နောက်ဆုံးတန်းလေး၏တိတ်ဆိတ်မှုမှာမရပ်တန့်နိုင်။
မုန့်စားကျောင်းဆင်းချိန်
"အနဂ္ဂ သွားမယ်လေ မုန့်ဆိုင်ကို ၊ဒီနေ့တော့ ငါ၀ယ်ကျွေးမယ် ၊သွားကြစို့"
"အေးပါကွာ ဆန်းသစ်မင်းစကားနဲ့မင်းဘဲ ငါအများကြီး မှာပစ်မယ်.........ဒါနဲ့ ထိပ်ထားကော လိုက်ခဲ့လေ"
"နင်တို့ဘဲသွားကြပါ ငါမလိုက်တော့ဘူး"
"ငါခေါ်တယ်နော် ထိပ်ထား"
"နင့်ဘာသာ အနဂ္ဂကိုဘဲသေချာခေါ်သွား ၊သွားတော့သွားတော့"
"တာ့တာ"
(အခန်းထဲမှထိုသူတို့နှစ်ယောက်ထွက်သွားပီး နောက်တွင်အတန်းထဲရှိ မိန်းကလေးတစ်စုကား ထိပ်ထား၏ရှေ့သို့ရောက်လာကြပီး)
"ဘယ်လိုလဲ"
"ထိပ်ထားကအရမ်းကံကောင်းတာဘဲ"
"ဘေးနားမှာလည်းကိုယ်ရံတော်လို့အားကိုးချင်စရာ အဆင်တွေနဲ့"
"အားကျလိုက်တာ"
"ငါကောဘဲ၊ငါကောဘဲ"
"ဖြေးဖြေးလေးပြောကြပါဟယ် နင်တို့ကိုကြည့်တာနဲ့တင် ငါမော လာပီ""ဟုတ်တယ်လေ နင်တို့ကလည်း လူစုခွဲကြ၊လူစုခွဲကြ"
"အတန်းခေါင်းဆောင်ကလည်း😏"
YOU ARE READING
Mirror
Romance" အဖြေနှစ်ခုထွက်နေတယ့် ပုစ္ဆာတစ်ပုဒ် ဘယ်အဖြေpossibleဖြစ်နိုင်မလဲ ဆိုတာ ရွေးရခက်နေတယ်" မင်းအနဂ္ဂ "ကို ဘယ်အချိန်ဘဲ ပြန်လာခဲ့၊ပြန်လာခဲ့ မေ ကို့ကိုလက်ခံနိုင်တယ်" မေထိပ်ထားစံ "မပိုင်ဆိုင်ရင်နေပါ ကျွန်တော့် အတွက်အချစ်ဆိုတာ ဘေးကနေကြည့်နေပီး သူဖြစ်ချင်တာလုပ...