သူတွေးမိသည်က သူမ၏မျက်၀န်းသူမ၏ကကြီးပုံသဏ္ဍာန်ပန်းရောင်သန်းနေသောနှုတ်ခမ်းတစုံနှင့်အသက်ရှုသံလေးများ အသေးစိတ်မြင်တွေ့ခဲ့သောပုံရိပ်ကလေးပင်ဖြစ်သည်။
အ၀တ်အစားသပ်ရပ်ခန့်ညားစွာ၀တ်ဆင်ရင်းကျောင်းသို့သွားရန် အောက်ထပ်သို့ဆင်းခဲ့သည်။
အောက်ထပ်သို့အရောက်
"မြေး ကျောင်းသွားတော့မလို့လား ၊ မင်းကျောင်းတတ်ကတည်းက မင်းမျက်နှာကို သေချာမမြင်ရသေးပါလား"
"ဟုတ်ကဲ့ ကျွန်တော် စာကြည့်တိုက်သွားလိုက် ၊စာတွေပြန်ကြည့်လိုက်လုပ်နေလို့ပါ"
"ကောင်းတယ်၊ကောင်းတယ် အိမ်ရှေ့မှာ ကားစောင့်နေတယ် သွားတော့၊သွားတော့"
"မလိုဘူး ၊ကျွန်တော်busစီးပီးသွားလိုက်ပါ့မယ် ခွင့်ပြုပါအုံး"
အနဂ္ဂက အဖိုးဖြစ်သူအနဂ္ဂ၏မျက်နှာအား စကားပြောလျှင်တောင် မကြည့်သလိူဖြင့်ပြောသည်။ထိုသည်ကိုအဖိုးရိပ်မိသည်။ဒါပေသည် မပြော။
ဒုဥက္ကဌ ဦးစိုးမင်း အခန်း
ဒေါက် ဒေါက်(တံခါးခေါက်သံ)
"၀င်ခဲ့ပါ"
"ဆရာ ခိုင်းထားတာလေ ၊သခင်လေးအနဂ္ဂက ဒီတိုင်းပုံမှန်ပါဘဲ ကျောင်းသွား၊စာကြည့်တိုက်သွား၊သူငယ်ချင်းတွေနဲ့လည်းအဆင်ပြေပါတယ် ဘာမှထွေထွေထူးထူးမရှိပါဘူးဗျ"
"အင်း၊ဆက်စုံစမ်းထား၊ တစ်ခုခုထူးရင်ပြော"
"ဟုတ်ကဲ့၊ ဆရာ ခွင့်ပြုပါအုံး"
ကျောင်းအောက်ထပ်ရှိ ဘုတ်ပြားပေါ်တွင်
("ပေါက်ပေါက်ရှာရှာ တော်တော်ကဲတာဘဲ ကလေးတွေ😾🌚")
"ဘာတွေပွစိပွစိပြောနေတာလဲ အမထိပ်ထား"
"လန့်လိုက်တာ ဆန်းသစ်ရယ်"
"ဒီမှာလည်းနောက်တစ်စောင့် ငါရဲ့နေရာကို ဟိုကောင်ယူသွားတာဘဲ"
"ဂုဏ်ယူမနေပါနဲ့ ကျောင်းတတ်တာမှမကြာသေးဘူး တကယ်ဘဲ မိန်းကလေးတွေကလည်းမလွယ်ဘူး ရုပ်ချောရင်အလွတ်မပေးချင်ကြဘူး"
"သ၀န်တိုနေတာလား"
"🫥😊မဟုတ်တာဟယ် ငါတို့သူငယ်ချင်း စာဘက်အာရုံမစိူက်နိုင်ဘဲ အာရုံနောက်စရာတွေလာနေမှာဆိုးလို့ပါ သူလည်းနင့်သူငယ်ချင်းဘဲေလ နင့်မှာတာ၀န်ရှိတယ်နော်"
"အေးပါဟ နင်မပြောခင်ဟိုကောင်ကဖတ်နေလောက်ပီ သူ့ခုံမှာပုံနေရောဘဲ စာတွေ"
"ကောင်းရော🙃 ဖတ်ပါစေတော့"
"ဟဟဟဟ"
YOU ARE READING
Mirror
Romance" အဖြေနှစ်ခုထွက်နေတယ့် ပုစ္ဆာတစ်ပုဒ် ဘယ်အဖြေpossibleဖြစ်နိုင်မလဲ ဆိုတာ ရွေးရခက်နေတယ်" မင်းအနဂ္ဂ "ကို ဘယ်အချိန်ဘဲ ပြန်လာခဲ့၊ပြန်လာခဲ့ မေ ကို့ကိုလက်ခံနိုင်တယ်" မေထိပ်ထားစံ "မပိုင်ဆိုင်ရင်နေပါ ကျွန်တော့် အတွက်အချစ်ဆိုတာ ဘေးကနေကြည့်နေပီး သူဖြစ်ချင်တာလုပ...