လူကုံထည် အသိုင်းအဝိုင်းများ၊နိုင်ငံရေးအကြီးအကဲများ တတ်ရောက်နေသော spacer company ၏နှစ်ပတ်လည်အခမ်းအနား ဖျော်ဖြေပွဲများ စားကောင်းသောက်ဖွယ်များဖြင့်ခမ်းခမ်းနားနားကျင်းပစေခဲ့သည်။
"ဒီနေ့လို ကျုပ်ရဲ့အခမ်းအနားကိုတတ်ရောက်ပေးတယ့် ဂုဏ်သရေရှိလူကြီးမင်းများ အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ company ကအသစ်ထပ်မှန် ဆောက်လုပ်တော့မယ့်comdoဟာ ပြီးစီးတော့မှာဖြစ်တဲ့အတွက် ဒီနေရာကနေ ကြေငြာလိုက်ပါတယ်ဗျ အားလုံးကိုကျေးဇူးပါ အားလုံးဘဲဆက်သုံးဆောင်ကြပါအုံး"(လက်ခုတ်သံ များဖြင့်👏🏻)
"အဖေဂုဏ်ယူပါတယ်"
"ဖိုးဖိုး ဂုဏ်ယူပါတယ်🤗"
"ဖိုးဖိုးမြေးလေးလည်းရောက်လာပီလား ဖိုးဖိုးဆီလာပါအုံး🫂"
"သား ဒီကမုန့်တွေအကုန်စားလို့ရလား😛"
"ရတာပေါ့ကွာ လာ ဖိုးဖိုးနဲ့တူတူသွားစားကြတယ် မင်းတို့ လင်မယားလည်း အဖေနဲ့လာထိုင် အဖေမိတ်ဆက်ပေးစရာလူတွေရှိတယ်"
"ဟုတ်ကဲ့ အဖေ"
spacer company တွင် နောက်ဆုံး တတိယမျိုးဆက်အဖြစ်ဆက်ခံရမည့်မြေးဦးလေးကို အားလုံးက ဝိုင်းချစ်ပေး ဂရုစိုက်ပေးကြသည်။
ညစာစားနေရင်း
"မေမေ သား.....ရှုးရှုးပေါက်ချင်တယ်🙄"
"လာမေမေလိုက်ပို့ပေးမယ်"
"ရတယ်သမီး အဖေမြေးလေးကိုလိုက်ပို့ပေးလိုက်မယ် သမီး အေးဆေးဆက်စား"
"မဟုတ်တာ ရတယ် အဖေ ၊လာ သား အဖိုးကိုအနှောင့်ယှက်နဲ့ အမေနဲ့သွားမယ်😟'"
မြေးလေးကိုခေါ်သွားသောချွေးမလေးကိုကြည့်ရင်း
"ဘာလို့ သမီးကဒေါသထွက်နေတာလဲ👀 ၊သားမင်းမိန်းမကစိတ်တိုနေသလိုဘဲ မင်းဘာလုပ်ထားလဲ "
"မဟုတ်တာဗျ ကျွန်တော် ဘာမှမလုပ်ပါဘူး၊သားလေးကိုစိတ်ပူနေလို့ဖြစ်မယ်"
"မြေးလေးကို စိတ်ပူတယ်......ဘာလို့"မင်းအနဂ္ဂ၏သရုပ်မှန်ကို ဖုန်းကွယ်ထားရမည့်ဖြစ်သောကြောင့် အကြောင်းအမျိုးမျိုးပြကာ အိမ်တော်ကြီးမှထွက်ခွာ၍အပြင်စံအိမ်မှာသာနေလေသည်။ တပတ်တခါသာ စံအိမ်ကြီးသို့ ညစာလာစားကြသည်။
........
မင်းအနဂ္ဂတွင် ငယ်စဉ်ကတည်းမှပေါင်းသင်းလာသောသူငယ်ချင်းနှစ်ယောက်ရှိသည်။မေထိပ်ထားစံမှာ မင်းအနဂ္ဂအိမ်၏ဘေးချင်းကပ်ရက် အိမ်တော်တွင်နေပီး မိသားစုများမှာဆရာ၀န်အသိုင်းအဝိုင်းကသာဖြစ်ကြသည်။မေထိပ်ထား၏အမေ ဒေါ်နဒီမှာလည်း အနဂ္ဂအမေနှင့်အချစ်ဆုံးသူငယ်ချင်းများဖြစ်ကြသည်။
ထိုကြောင့်
"မြရယ် နင်ကလေးကို ဒီတိုင်းလွတ်ထားလို့မဖြစ်ဘူးနော် အနဂ္ဂလေးကတစ်နေ့ကြအရွယ်ရောက်လာတော့မှာ အဲ့တော့သူ့ကိုသေချာရှင်းပြပီး နင်တို့ ဒီကခနထွက်သွားရင်ကောင်းမယ် အချိန်တစ်ခုရောက်ရင်ပြန်လာခဲ့ပေါ့"
"ငါလည်း.....အဲ့လိုစဉ်းစားထားတယ်...သမီးလေးကို သေချာရှင်းပြပေးဖို့ ငါအားမွေးနေတယ် သူလန့်သွားမှာစိုးရိမ်နေတာ "
"အဆင်ပြေသွားမှာပါ ငါရှိတယ် နင်အဆင်မပြေတာရှိရင်ငါကူညီပါ့မယ်"
"ကျေးဇူးပါဟာ"..................................
တခန်းလုံး ဂိမ်းဆော့သံများ၊ အော်ဟစ်ဆူညံသံများဖြင့်အငြင်းပွားနေကြသော သူငယ်ချင်းသုံးယောက်
"အနဂ္ဂ မင်းနိုင်သွားပြန်ပီ... ငါ အလျော့ပေးလိုက်လို့လေ😌✌🏻"
"ဘယ်ကသာ မင်းကငါ့ကိုနိုင်ထားတာများနေပီ ဒီနှစ်ပွဲကတော့ ငါသေချာဆော့လို့ပါကွာ"
"မဟုတ်ဘူး"
"ဟုတ်တယိ"
"မဟုတ်ဘူး"
"ဟုတိတယိ"
""ကဲတော်ကြပါတော့..................😡"
"😬"
"နင်တို့နှစ်ယောက်ပီးရင် ငါကာတွန်းကြည့်တော့မယ် တူတူကြည့်ပေး ဒါပဲ"
"နင်က ဘာဘီကားကြည့်မှာမလား ပျင်းစရာကြီး🫠"
"ဟဲ့ ဆန်းသစ်နင်တို့ဆော့နေတုန်းက ငါစောင့်နေရတာလည်း ပျင်းစရာကြီးပါနော် ဟွန့် မရဘူးကြည့်ပေးရမယ်တူတူ"
"မိန်းကလေးဘဲကြိုက်ကြတာအဲ့ဒါက......😑"
"ထားလိုက်ပါ ဆန်းသစ်ရာ ငါတို့တူတူကြည့်ပေးကြတာပေါ့ မဟုတ်ရင် ငါတို့လည်းgameဆော့လို့မရတော့ဘူးလေ"
"အင်း👍🏼"
"မြင်လားဆန်းသစ် နင်နဲ့ အနဂ္ဂတခြားစီဘဲ👈🏻👉🏻"ဆန်းသစ်မှာ အနဂ္ဂ၏ဆော့ဖော်ဆော့ဖက် ကစားဖော်ကစားဖက်ဖြစ်သည်။ဆန်းသစ်၏မိသားစုကာ သာမန် ရုံး၀န်ထမ်းများဖြစ်ကြပြီး အလည်အလတ်တန်းစားမိသားစုတစ်စုဖြစ်သည်။အိမ်မှာလည်း အနဂ္ဂတို့လမ်း၏ရှေ့လမ်းတွင် နေထိုင်သည်။
...................................
(ပြေးလွှာလာသောခြေသံ)
"မေမေ........သားပြန်လာပီ"
"လာပါအုံးသားလေးရဲ့ မေမေ ဖက်ချင်လို့"
"🫂"
"သား ကိုမေမေပြောစရာလေးရှိတယ်၊ ခုတော့ရေသွားချိုးလိုက်အုံးး ခနနေမေမေ့အခန်းထဲလာခဲ့"
"ဟုတ် မေမေ ".....
ဒေါက်ဒေါက်
"၀င်ခဲ့ပါ"
"မေမေ သားကိုပြောစရာရှိတယ်ဆို"
"ဟုတ်တယ် ဒီမှာ လာထိုင် မေမေပြောတာကို သေချာလေးနားထောင်ပီးးးးး အမေ့ကိုဘဲ အပြစ်တင်လိုက်ပါ"
YOU ARE READING
Mirror
Romance" အဖြေနှစ်ခုထွက်နေတယ့် ပုစ္ဆာတစ်ပုဒ် ဘယ်အဖြေpossibleဖြစ်နိုင်မလဲ ဆိုတာ ရွေးရခက်နေတယ်" မင်းအနဂ္ဂ "ကို ဘယ်အချိန်ဘဲ ပြန်လာခဲ့၊ပြန်လာခဲ့ မေ ကို့ကိုလက်ခံနိုင်တယ်" မေထိပ်ထားစံ "မပိုင်ဆိုင်ရင်နေပါ ကျွန်တော့် အတွက်အချစ်ဆိုတာ ဘေးကနေကြည့်နေပီး သူဖြစ်ချင်တာလုပ...