Part 9

3K 234 18
                                    

Unicode

"ပထမနှစ်လေးတွေထင်တယ် တစ်ခါမှမမြင်ဖူးဘူး"

"ဟုတ်ပါတယ်ဗျ"

"တစ်ခုခု အကူအညီလိုအပ်တာရှိရင်ပြောနော် အကိုတတ်နိုင်သလောက် ကူညီပေးမယ်"

စိတ်သဘောထားလေးကလည်း ပြည့်ဝနေလိုက်တာ...ပေးလိုက်ပြီ ရော့ 101မှတ်!!

"ဟုတ် အဲ့ဒါဆိုအားမနာဘဲပြောမယ်နော်"

"ပြောပါ ရပါတယ်"

"Kim Tae Hyungပါဗျ ဒီဘက်က ကျွန်တော့်သူငယ်ချင်း Park Jiminတဲ့...တစ်ယောက်ရှိသေးတယ် သူကအခု Londonမှာကျောင်းတက်နေလို့"

"London မှာလား?"

စာအုပ်ဖတ်နေတဲ့ အကိုဆီက စကားသံထွက်လာသည်။

"ဟုတ်ကဲ့ဗျ"

"အကို့ရဲ့ ချစ်သူလည်း Londonမှာပဲကျောင်းတက်နေတာ"

"ဒီဘက်က အကိုကရောဟင်"

"သူ့မှာချစ်သူမရှိပါဘူး"

စာအုပ်ဖတ်နေတဲ့ အကိုကပဲဝင်ပြောပြသည်။

"ကောင်းလိုက်တာ"

"ဟမ်!!"

သုံးယောက်လုံးဆီက ပြိုင်တူထွက်လာတဲ့
အာမေဋိတ်အသံ!!

"အော် ဒီနေ့လည်စာကိုပြောတာပါ...အတော်လေးစားကောင်းတယ်"

ခင်လာတဲ့သက်တမ်းတစ်လျှောက်လုံး Tae Hyung ရဲ့ဒီလိုပုံစံမျိုးမမြင်ဖူးတာမို့ Jimin အထူးအဆန်းတွေဖြစ်နေရသည်။
လူတိုင်း အပေါ်ပုံမှန်ပဲဆက်ဆံတတ်ပေမဲ့ ဒီလိုမြင်လိုက်ရတော့ ဒီကောင် တကယ်ကြီး ဖောအင်လပ်သွားတာပဲ...။

"ဟိုလေ မသိတာလေးတွေမေးပြီးအကူအညီတောင်းစရာရှိရင် တောင်းလို့ရအောင် ဖုန်းနံပါတ်လေးပေးလို့ရမလား"

"ရတာပေါ့ ဖုန်းပေးလေ နံပါတ်ရိုက်ထည့်ပေးမယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ...ဒီနေ့ကစပြီးတော့ ရင်းနှီးသွားပြီလို့ မှတ်လိုက်တော့မယ်နော် Hyung...ဒီဘက်ကHyungရောပဲ"

"ဟုတ်ပါပြီ"

လေးယောက်သား စကားတပြောပြောနဲ့ ခဏလေးအတွင်း ရင်းနှီးလာခဲ့သည်။
စီနီယာဆိုပေမဲ့ အထာကြီးနဲ့မနေတတ်ကြပဲ socialကောင်းတဲ့ အကိုနှစ်ယောက်ကြောင့်လည်း
မြန်မြန်ရင်းနှီးသွားတာဖြစ်သည်။

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now