Unicode
လေးယောက်သား Hoseok Hyungရဲ့ကားတစ်စီးတည်းနဲ့ဆေးရုံရောက်လာသည်။
လမ်းတစ်လျှောက်လုံး ညှိပြီးအပြစ်လုပ်ထားတဲ့ နှစ်ယောက်ကတော့ တိတ်ဆိတ်လျှက်။
ဆေးရုံရောက်တော့ Jiminကစတင်ပြီးမေးလာသည်။"Tae Hyung မင်းဘာဖြစ်လို့လဲ ဆေးရုံတက်ရတာလဲ"
"ဗိုက်အောင့်တာ"
"နှလုံးတုန်တာ"
Jungkookနဲ့ Tae Hyung နှစ်ယောက်ဆီက တစ်ယောက်တစ်ပေါက်နှင့်တစ်ပြိုင်တည်း
ထွက်လာကြသည်။"ဟမ်!!"
"ဟင်!!"
"သြော်...အဲ့ဒါက ဟိုလိုဖြစ်တာ"
"ဘယ်လိုဖြစ်တာလဲ"
"နှလုံးတွေတုန်ပြီးတော့ ဗိုက်အောင့်တာကွာ နော် Jungkook!!"
"ဟုတ်တယ် ဟုတ်တယ် အဲ့လိုဖြစ်တာ"
"မင်းရဲ့ ဆေးစာအုပ်ရော"
"အာ...အဲ့ဒါက ပျောက်သွားတာ ငါသတိမထားလိုက်တာ"
"ဆေးစာအုပ်ကို ဖျောက်ပစ်ရလားကွ!!"
အသံအတော်လေးအောင်တဲ့သူမို့ Jiminရဲ့အော်လိုက်တဲ့အသံမှာ ကျန်သုံးယောက်လုံးတုန်သွားကြသည်။
"ဖြည်းဖြည်းအော် ပါကွာ Jiminကလည်း"
"ကူပြောပါအုံး Jungkookရယ် ဆေးရုံထဲမှာငါ့ကိုအော်နေတယ် ဟင့်"
"မအော်နဲ့တော့ ကိုယ့်အသံလေးတွေနာကုန်အုံးမယ်"
"တယ် ငါလုပ်လိုက်ရင် ဒီကောင် Londonချက်ချင်းပြန်ရောက်တော့မှာပဲ"
အော်ခံနေရတဲ့ကြားထဲ အမှတ်ဝင်ယူနေတဲ့ Jeon Jung Kook ကိုစိတ်ထဲကနေကြိတ်ပြီး မေတ္တာပို့နေလိုက်သည်။ကျေးဇူးမသိတတ်တဲ့ကောင်!!!
"မင်းကတစ်မျိုး အဲ့ဒါဆို ခဏနေအုံးငါဆေးစာအုပ်သွားလုပ်လိုက်အုံးမယ် "
"Hyungလည်း လိုက်ခဲ့မယ် Jimin"
"ဟုတ်ကဲ့ Hyung"
Hoseok Hyungနဲ့ Jimin နှစ်ယောက်စလုံးထွက်သွားတော့မှ Tae Hyungကစကားစလာသည်။
"ဆရာဝန်စစ်ရင် ဘယ်လိုလုပ်ကြမလဲ Jungkook"
"ငါလည်း အဲ့ဒါပဲတွေးနေတာ ခေါင်းတွေပါပူလာပြီ။ ငါ့ခေါင်းကိုကြည့်ကြည့်စမ်း TaeHyung"
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"