Unicode
"Hello Jimin ပြော"
"အေး မင်းအားလား Tae Hyung ပြောစရာရှိလို့"
"ငါ့ရဲ့နေရောင်ခြည်လေးကို ဖလစ်နေတာ အားတော့အားမနေဘူး ဘာပြောဖို့လဲ ပြောလေ"
"မင်း စီနီယာကိုသွားရှုပ်နေပြန်ပြီ"
"ရှုပ်တယ်လို့မခေါ်ဘူးကွ ဒါက အချစ်ခရီးလမ်းလမ်းကြောင်းစတင်ဖောက်နေတာလို့ခေါ်တယ်"
"ဒါဆိုမင်း အတည်ကြီးလား"
"အေးပေါ့ကွ မင်းငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး...ငါစိတ်မဝင်စားရင်ဘာလို့ အဲ့လိုလိုက်လုပ်နေမှာလဲ"
"အဲ့ဒါဆိုလည်း ဖိုက်တင်းဘရို အားပေးနေမယ်"
"အေး ပြောစရာရှိလို့ဆို"
"ဟုတ်သား ပြောစရာရှိတာတောင် မေ့တော့မလို့... ဒီတစ်ပတ် weekendကျရင် မင်းအားလား?
Yoongi Hyung က စပျစ်ခြံတွေဘက်သွားဖို့ရှိတာမင်းရော လိုက်မလားမေးမလို့""လိုက်ရမှာပေါ့ Hyungနဲ့လည်းမတွေ့တာတောင်ကြာနေပြီ....ပြီးတော့ ခုအချိန်ဆိုစပျစ်သီးတွေမှည့်နေပြီ လုံးဝကိုအမိုက်စားပဲ"
"အိုခေ အဲ့ဒါဆိုဖုန်းချပြီ...မနက်ဖြန်ကျမှ ကျောင်းမှာတွေ့မယ်"
"ဟုတ်ပြီ "
ဖုန်းချပြီးတော့ Tae Hyung သူ့ရဲ့နေရောင်ခြည်လေးဆီကို အကြောင်းပြချက်မျိုးစုံနဲ့ သိတာတွေရောမသိတာတွေပါမေးပြီး ချောင်းတွေရောမြောင်းတွေပါ ဆက်ဖောက်နေလိုက်သည်။
Tae Hyung ကိုယ်တိုင်လည်း Hoseok Hyung နဲ့မှခုလိုခံစားချက်မျိုးတွေခံစားမိတာဖြစ်သည်။
ပထမဆုံးစတင်တွေ့ဆုံမှုမှာတင် မြင်မြင်ချင်းသဘောကျမိသွားတာမို့ ကိုယ်တိုင်တောင်ယုံရခက်နေတာမျိုး။
လူတွေဆီကို အချစ်ဝင်ရောက်လာတဲ့ပုံစံမျိုးတွေကတော့ မတူညီနိုင်ကြဘူးလေ...မြင်မြင်ချင်း ချစ်မိသွားတဲ့အချစ်မျိုးတွေရှိနိုင်သလို အတူတူအချိန်တွေအကြာကြီး ရှိလာပြီးမှ အချစ်အဖြစ်လည်းပြောင်းလဲသွားနိုင်ကြသည်။Crush လေးကိုဖလစ်ပြီး အိပ်ရတဲ့Kim Tae Hyung ရဲ့ညကတော့အရာရာပြည့်စုံလျက်။
________________
YOU ARE READING
ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
Fanfiction" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"