Episode 1[Unicode/Zawgyi]

8.2K 160 1
                                    

Unicode

"သား"

ဖေဖေ၏ တည်ငြိမ်သော မျက်ဝန်းများကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သို့သော် သူ မည်သည်ကိုမှတော့ ခွန်းတုန့်မပြန်ခဲ့ပါ။

သူ့ဆီမှ ပြန်ဖြေသည်ကို မကြားတော့ ဖေဖေက သက်ပြင်းတစ်ခုကို ဖြေးညှင်းစွာ ချလိုက်ရင်း
"သားမေမေ ကိစ္စကို သားသိတယ် မဟုတ်လား"

ဖေဖေ၏ စကားသည် လေအေးပေးစက် အရှိန်ဖြင့် အေးစက်နေသော ကားထဲရှိ သူ့အား အိုက်စပ်‌လာစေသည်။ သူ အသံကို အတတ်နိုင်ဆုံး ထိန်းလိုက်ရင်း အေးဆေးစွာ ပြန်လည် ပြောဆိုလိုက်သည်။

"သားသိပါတယ်"

သူ၏ အဖြေကြောင့် ဖေဖေမှာ သူ့အား မည်သည့် မှတ်ချက်မှ‌ မပေးသော်လည်း တိတ်ဆိတ်စွာပင် စိုက်ကြည့်နေခဲ့သည်။ ဖေဖေ၏ အကြည့်ကြောင့် သူနေရထိုင်ရ ခက်လာသည်။
ရုတ်တရက်ပင် ကား box ထဲရှိ ဖုန်းမှာ တုန်ခါလာသည်။ ဖေဖေသည် ဖုန်းကို တစ်ချက် ယူစစ်လိုက်သည်။ ဖုန်း contact ကို မြင်သည်နှင့် ချက်ချင်းလက်ငင်း ကိုင်လိုက်သော ဖေဖေကြောင့် ဖုန်းခေါ်သူကို သူတန်းသိလိုက်သည်။

"မြတ် ပြောလေ"
သူ့ ဖခင်၏ နူးညံ့သော အသံသည် စောမကနှင့် လားလားမျှ မသက်ဆိုင်။ ထိုကဲ့သို့ ကွာခြားမှုကြောင့် တစ်ခုခုကို ဆုံးရှုံးသွားသည့် ခံစားချက်နှင့်အတူ နှိုင်းယှဉ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့ဘဝတွင် အမုန်းဆုံးသည် နှိုင်းယှဉ်ခံရခြင်းဖြသည်။

"သမီးလေး နိုးနေပြီ မောင်ရဲ့ သမီးလေးကလေ သိပ်ချစ်စရာကောင်းတာပဲ မောင်ရယ်"

ဖုန်းထဲမှ အမျိုးသမီး၏ အသံနှင့်အတူ ကလေးငယ်၏ ရယ်သံ သဲ့သဲ့လေးကိုလည်း တစ်ချက် တစ်ချက် ကြားနေရပေသည်။ ထိုရယ်သံမှာ သူ့အား လှောင်နေသည့်အလားပင်။ သူ ထိုအသံများကို ရှောင်ဖယ်သည့် အနေနှင့် သူ ကားပြတင်း‌ ပေါက်မှန်မှတစ်ဆင့် သူတက်ရမည့် ကျောင်းကို တစ်ချက် ကြည့်လိုက်သည်။
သူတို့၏ ကားအား ကျောင်းဝန်းထဲတွင် ရပ်ထားသောကြောင့် ကျောင်း၏ အနီးတစ်ဝိုက်ကို ကောင်းစွာ မြင်ရသည်။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now