"အားလုံးပဲ စိတ်ကိုငြိမ်ငြိမ်ထားကြ.. ပုံမှန်လပတ်စာမေးပွဲတွေလို့ပဲ တွေးပြီးဖြေကြ"
ကျောင်းဝန်းထဲမဝင်မီ ဆရာမက စိုးရိမ်စွာပြောလာသော်လည်း ကျောင်းသားတွေမှာ အရမ်းကြီး စိတ်လှုပ်ရှားနေခြင်းမရှိပေ။ နည်းနည်းလေးသာ ရင်ခုန်နေခြင်းပင်။
အမှန်တော့ ဆရာမတွေကသာ ပိုပြီးစိတ်လှုပ်ရှားနေသလားလို့....တစ်ရက်စီမှာဖြေဆိုရသည့် ဘာသာရပ်တိုင်းကို အတတ်နိုင်ဆုံးဖြေဆိုကာ ကျောင်းသားတိုင်းမှာ အနည်းငယ်သော စိတ်ပူမှုတို့ကို ရင်ဝယ်ပိုက်ရင်း နောက်ဆုံးဘာသာရပ်ကို ဖြေဆိုပြီးကြချိန်၌ ဘဝ၏လွတ်လပ်မှုဆိုသည်ကို ခံစားလိုက်ကြရသည်။
ထိုအချိန်၌ အဖြေပြန်တိုက်ဖို့ဆိုသည့်အတွေးမှာလည်း မရှိတော့။
စာမေးပွဲတောင်ပြီးသွားပြီ.. ပြောင်းလို့လဲရတော့တာလည်းမဟုတ်ဘူး...
အဖြေပြန်တိုက်ရင် ပိုပြီးစိတ်ဆင်းရဲဖို့ပဲ ရှိလိမ့်မယ်...
အခုချိန်မှာ အဖြေပြန်တိုက်တဲ့သူကတော့ အရူးပဲ...ကျောင်းသားအားလုံးနီးပါး ထိုသို့တွေးပါသော်လည်း အရူးတစ်ယောက်ကတော့ ရှိနေဆဲပင်။
ဘုန်းဗညားဟန်မှာ အဖြေပြန်တိုက်နေရင်း ထိုထဲမှ ၁ မှတ်တန်နှစ်ပုဒ် မှားမှန်းသိပြီးသွားချိန်တွင်တော့ လက်ဖဝါးများပင် တုန်လာရသည်။
သူ မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း စိတ်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေရသည်။လာကြိုသည့်ကားရောက်လာချိန်တွင်တော့ ဘုန်းဗညားဟန်မှာ စိတ်ငြိမ်ဟန်ဆောင်လိုက်ရင်း ကားပေါ်တက်ဖို့ ပြင်လိုက်ချိန်၌ အံ့ဩဖို့ကောင်းစွာဖြင့် ကားရှေ့ခန်းတွင် သူ့အမေရှိနေကာ နောက်ခန်းတွင် သူ့အဖေနှင့် အဘိုးဖြစ်သူက ရှိနေသည်။ ထို့နောက်
"သား.. အမေတို့ မင်းကို တစ်နေရာ ခေါ်သွားပေးမယ်"
.
.
*********"လေက လက်ဆတ်လိုက်တာကွာ.. တိမ်တိုက်တွေရဲ့ လှပမှုကလည်း ဒီနေ့မှ ပိုပြီး မျက်စိပသာဒဖြစ်နေလိုက်တာ ကျေးငှက်လေးတွေရဲ့ မြည်တွန်သံကလည်း နားထဲကို ပျားရည်သကာရည်အတိုင်းပါလားကွာ"
YOU ARE READING
ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]
De TodoStart Date 2.9.2023 End Date 6.4.2024 ဘဝမှာ ကံကြမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယုံကြည်လာတာမို့လို့ ကံကြမ္မာကို ယုံကြည်မှုပျောက်အောင် မလုပ်ဖို့ တောင်းဆိုပါတယ် လှိုင်းခတ်သံ ဘဝမွာ ကံြကမ္မာဆိုတာကို မင်းနဲ့တွေ့ပြီးမှ ယွုံကည်လာတာမို့လို့ ကွံကမ်မာကို ယွုံ...