☂2☂

106 26 2
                                    


လရောင်အောက်မာ ကြည်လဲ့လဲ့မျက်ဝန်းတစ်စုံကနေ၊ငွေမျှင်ရောင််အရည်တချို့က သိပ်လှတဲ့မျက်ဝန်းကနေလျှံကျလာတော့မည်ဖြစ်တာကြောင့် ဂျယ်မင်း ကျစ် သပ်လိုက်ကာ ရှေ့က ပါးဖောင်းလေးအား လက်ညှိုးထ်ိုးလိုက်ရင်း။

"မင်း ငိုဖို့ မကြိုးစားစမ်းနဲ့"!

"အင့်"!

ဂျယ်မင်း ရှေ့ကပါးဖောင်းလေးရှေ့ဒူးတဖက်ထောက်ချပီးထိုင်ကာ၊ကျလုဆဲဆဲမျက်ရည်များအားလက်ဖြင့် ဖိသုတ်ပေးလိုက်သည်။

"နာမည်က ဘယ်လိုခေါ်လဲ၊မင်းကို ကြည့်ရတာ သာမန်တော့မဟုလောက်ဘူး"!

"----"

အဖြေမလာတဲ့အတွက် ဂျယ်မင်းဒေါသထွက်လာကာ ပါးဖောင်းလေးအားလက်မနဲ့လက်ညိုးအားပြုကာဖိညှစ်လိုက်တော့ ချက်ချင်းပါးကနီရဲ တတ်လာကာ၊မျက်ရည်များသာလှိမ့်ဆင်းလာပြီး၊အသံကထွက်မလာ။ထပ်ပြီး မေးမယ်အလုပ် နောက်ကထွက်ပေါ်လာတဲ့အသံကြောင့်မတ်တပ်ထရပ်ကာလှည့်ကြည့်မိတော့ လုံးဝကျက်သရေ ရှိလှတဲ့ ကြီးမြတ်လှတဲ့ ဟန်တိုင်းပြည်မိခင်ကြီးပင်။အရိုအသေပေးကာ ခေါင်းအမော့ စောနက ပါးဖောင်းလေးကလဲ ကျနေရာမှထရပ်ကာထိုအမျိုးသမီးဆီပြေးသွားပီးဖက်ထားလေသည်။

"အရှင့်သားက ဒီနေရာမှာ၊ အဘယ်ကိစကြောင့်ရှိနေပါသလဲ။

"မိဖုရားကို လျှောက်တင်ပါတယ်၊ကျွန်တော်မျိုး လျှောက်ပတ်ကြည့်ရင်း အမှတ်မထင်ရောက်လာခြင်းပါ။

"ကျွင့်အယ် ၊ သားတော်ရဲ့ အမတော်တွေက ဘယ်မလဲ၊ကျွင့််အယ်ကို ထားပြီး ဘယ်များရောက်နေသလဲ။

"ကျဲကျဲတို့က သားတော်နဲ့တူတူပုန်းတမ်းကစားနေတာပါမယ်မယ်၊အယ်---သားတော်မေ့နေတာ၊ကျဲကျဲတို့ကိုရှာရအုံးမယ်၊ မယ်မယ် သားတော်ကို ခွင့်ပြုပါအုံး။

ထိုသို့ပြောကာ ပြေးထွက်သွားတဲ့ပုလုံးလေးအားကြည့်ရင်း တသက်မှာတခါသာပြုံးဖူးသောအပြုံးလေးအား သတိမထားမိပါပဲ သွားစွယ်လေးများပေါ်သည်ထိပြုံးမိလိုက်သည်။သေချာတာက၊တနေ့ မင်းက ငါ့အပိုင်ပဲဖစ်လာလိမ့််မယ်။

"ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါအုံး၊မိဖုရားလဲ အနားယူဖို့သင့်ပါပီ။

🌸 ကြွေ 🌸Where stories live. Discover now