☂7☂

85 19 1
                                    

"Jun"

"ဟင်!?"

အရှေ့နန်းဆောင်တွင်ရှိသော ရေကန်အား တွေတွေကြီးငေးကြည့်နေသည့် Jun က ကျွန်တော်မခေါ်မချင်း လောကကြီးအားမေ့လျော့နေဟန်ရှိလေသည်။ခေါ်ပြန်တော့လဲ တစ်ကိုယ်လုံးတုန်ယင်သွားကာ ၊ နောက်ကျောပေးထားသည့်အနေအထားဖြင့်သာရပ်နေလေသည်။ရှေ့သို့ တိုးကပ်သွားကာ ခါးသိမ်သိမ်လေးအား သိမ်းဖက်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်တော့သည်။

"အေးမယ်လေ Jun...ကြည့်စမ်းပါအုံး...နားရွက်ကလေးတွေတောင်အေးစက်နေပြီ"

Jaeminထိုသို့ပြောကာ ပိုတိုးဖက်ပေးထားလိုက်တော့သည်။ရင်ခွင်ထဲမှ Junသည် သူ့အားဘာစကားမှမပြောပဲ ၊ကျောက်ရုပ်အတိုင်းသာရပ်နေခဲ့သည်။

"အထဲဝင်ရအောင် Jun"

အပြင်မှာနေတာကြာလာသည်မို့ နေကောင်းကာစJunမှာ ၊လေအေးတွေကြောင့် နေမကောင်းထပ်ဖြစ်မှာစိုး၍ Jaeminပြောလိုက်ခြင်းပင်။

"အရှင် ပျော်ရဲ့လား!?"

အဆောင်ထဲပြန်ဝင်ရန် Junပခုံးနှစ်ဖက်အားထိန်းကိုင်ပေးနေတုန်း၊ရုတ်တရက်ပြောလာသည့်Junစကားကြောင့် Jaeminခဏမျှရပ်တန့်သွားရသည်။Junက သူနှင့် မျက်နှာချင်းဆိုင်အနေအထားဖြင့်ရပ်ကာ ထပ်မေးလာခဲ့သည်။

"ခမည်းတော်နဲ့ မယ်တော် ၊ အမတော်တို့ကိုကျ သတ်ပြီး ကျွန်တော့်ကိုကျ ဘာလို့ချန်ထားခဲ့တာလဲ!?"

"ချစ်လို့"

"ဘာရယ်!?"

Jaeminအတွက် ထိုမေးခွန်းမျိုးအကြိမ်တစ်ရာအထိမေးလဲ သူထိုကဲ့သို့ပင်ဖြေမည်ဖြစ်သည်။Jaemin ဆီက အဖြေကြားသည်နှင့်Renjunမှာ မျက်ရည်များအတိုင်းမဆမရှိကျဆင်းလာကာ၊Jaeminရင်ဘက်အားထုရိုက်ကာအော်ငိုတော့သည်။

"ဘာလို့လဲ!?....အီးဟီး....ဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲ!?"

Renjunစိတ်ကြိုက်ထုရိုက်ခွင့်အားJaeminပေးထားသကဲ့သို့၊သူ့အားလက်သီးဆုပ်လေးများဖြင့်ထုရိုက်ပြီး အော်ငိုနေသည့်ချစ်ရသူအား စိတ်ထဲကနေ "တောင်းပန်ပါတယ်Jun"ဟုသာ တီးတိုးစွာပြောနေမိသည်။အတန့်ကြာသည်အထိ ထုရိုက်ပြီးချိန်မှာတော့ ငိုထား၍မျက်လုံးများမို့ဖောင်းကာ နီရဲနေသောမျက်ဝန်းအစုံက Jaeminအား ကြည့်လာငည်။သူထုရိုက်ခဲ့သော လက်သေးသေးလေးများဖြင့် Jaeminရင်ဘက်အားခပ်ဖွဖွထိကာမေးလာပြန်သည်။

You've reached the end of published parts.

⏰ Last updated: Mar 28 ⏰

Add this story to your Library to get notified about new parts!

🌸 ကြွေ 🌸Where stories live. Discover now