☂5☂

113 22 5
                                    


-

- အချိန်အားဖြင့် 5နှစ်တာမျှကြာမြင့်လို့သွားခဲ့ပြီဖြစ်တာကြောင့်၊Renjunမှာလဲ 17နှစ်ပြည့်လာခဲ့ပြီဖြစ်သည်။

အေးမြလှတဲ့ဆောင်းရာသီကြောင့် ညချိန်ဆိုလူခြေတိတ်ဆိတ်လွန်းတာမို့နှင်းစက်ကျသံများက ညဥ့်ဦးယံထက် ကြောက်စရာအလား။

"ခမည်းတော်" "မယ်တော်" အမတော်တို့"!

ညဥ့်ဦးယံ၏​တိတ်ဆိတ်လွန်းသောအချိန်ခါတွင် ဝမ်နည်းစွာငိုကြွေးရင်း တစ်စုံတစ်ဦး၏ အမည်အားအော်ညည်းသံတို့က ကျယ်လောင်စွာ ထွက်ပေါ်လာရသည်။

"ခမည်းတော်!!!

ထိုသို့ခေါ်သံနှင့်အတူ Renjunအိပ်ယာထဲက ထ ထိုင်မိတော့သည်။တစ်ကိုယ်လုံးချွေးများစိုရွဲနေကာ မျက်နှာမှာလဲ ဖြူစုပ်ကာနေလေသည်။ နဖူးကချွေးတို့ကို လက်ဖမိုးနှင့်ဖယ်ရှားလိုက်ကာ၊အသက်ပြင်းပြင်းရှူကာလေပူမှုတ်ထုတ်ရင်း ကုတင်ပေါ်ကနေဆင်းကာ ရေကရားတင်ထားသည့်စားပွဲဆီသို့ဦးတည်သွားရင်း ရေငှဲ့ကာသောက်လိုက်သည်။ထိုအခါမှ အခုန်မြန်နေသည့်နှလုံးသားနေရာက ပုံမှန်အတိုင်းပြန်တည်ငြိမ်သွားရကာကြေးမုံဘက်ကိုမသိမသာငဲ့စောင်းကြည့်တော့ မျက်ဝန်းထက်မျက်ရည်များဝေ့သီနေလေသည်။သူချက်ချင်းလက်ဖြင့်ပါးပြင်ပေါ်ကမျက်ရည်စီး​ကြောင်းအားဖယ်ရှားလိုက်တော့သည်။သူဒီ အိမ်မက်မက်တိုင်း နိုးလာလာချိန်တွင် မျက်ရည်တို့ကအမြဲရှိနေကာ၊အသက်ရှုကျပ်ရသည်ကလဲအမြဲ။အိမ်မက်ထဲ ပုံရိပ်တွေက ဝေ ဝါးနေပေမယ့် ၊တချို့အရာတွေက သူ့အားအလွန်ပင်နာကျင်စေသည်။ပုံရိပ်တွေ၏မျက်နှာအားသူအရှင်းအလင်းမက်မိဖို့ကြ်ိုးစားတိုင်းလဲ
အချည်းအနှီးသာ။ထိုမျက်ရည်များကိုဖယ်ရှားရင်း အဆောင်တော်အပြင်ထွက်ဖို့ဆုံးဖြတ်ကာ တံခါးဆီလျှောက်လာခဲ့လိုက်သည်။တံခါးအားဆွဲအဖွင့် အပြင်တွင်မြင်လိုက်ရသည့်လူကြောင့်၊Renjun လက်အစုံက တံခါးအားကျစ်ကျစ်ဆုပ်ကိုင်ရင်း ရေရွတ်လာခဲ့သည်။

"အရှင်"!

"......"

Jaemin မိမိအားကြောင်ကြည့်နေသည့်ကောင်ငယ်လေးအားတွန်းတိုက်ကာ ၊အဆောင်တော်ရှိ ထိုကောင်လေးအိပ်ယာရှိရာကုတင်ပေါ်သွားထိုင်လိုက်သည်အထိ ၊တံခါး ဖွင့်ရက်ဖြင့် မိမိအား ငေးကြည့်နေသည့်ကောင်လေးကြောင့် ကျစ်သပ်မိသည်။

🌸 ကြွေ 🌸Where stories live. Discover now