☂4☂

132 23 2
                                    

☂........

ရွမ်ကျွင့်ရဲ့နေ့ရက်တိုင်းကတော့၊ပျော်ရွင်စွာဖြင့်အဆောင်မှာပန်းချီဆွဲလိုက်၊မက်မွန်သီးသွားခူးစားလိုက်ဖြင့် အချိန်ကုန်နေခဲ့ငည်။ရွမ်ကျွင့်မှာ11နှစ်ကနေ13နှစ်ပြည့်ထိ၊ဟန်ဘုရင်မင်းမြတ်ပေးတဲ့ပိုးထည်စတွေ၊ပန်းချီဆွဲတာနှင့်ပက်သက်တာတွေ၊လက်ဝတ်လက်စားတွေ၊မွေးနေ့ရောက်ပြီဆိုတာနှင့်ရောက်လာသည်ကြောင့်၊ရွမ်ကျွင့်အတော်အံ့သြနေရသည်။ဒီကနေ့ ကဟန်ဘုရင်းမင်းမြတ်၊စစ်ပွဲအောင်နိုင်၍နန်းတော်ကို ပြန်လာမည်ဟူသော၊သတင်းအားရွမ်ကျွင့်အထိန်းတော်ဆီမှကြားသိရလေသည်။ရွမ်ကျွင့်ပိုးထည်အဖြူလေးဝတ်ဆင်ထားကာ၊ရှည်လျားနက်မှောင်သည့်ဆံနွယ်တို့အားဖျားလားချထားပြီး၊နားတစ်ဖက်တစ်ချက်နားဆိီက၊ဆံနွယ်တို့ကိုစုချည်ကာ၊ပိုးထည်အဖြူလေးဖြင့်ဆန်ဆာဆင်ထားလေသည်။ရွမ်ကျွင့်ကြေးမုံထဲမှ မိမိကိုကိုယ်ပြန်ကြည့်၊ဆူပုပ်ပုပ်လုပ်ရင်းပြောလာလေသည်။

"ဟွန့်!!!! ဒီနေ့ လီဂျဲနို ဦးလေးကြီးနဲ့ မက်မွန်သီးပင်အောက်စာဖတ်ကြမယ်ချိန်းဆိုထားတာကို၊ခုတော့ အဲ့အဘိုးကြီးလာတာကိုကြိုဖို့ ၊ငါ့မှာ သောက်လုပ်မရှိသောက်ကိုင်မရှိ၊ထိုင်စောင့်ရအုံးမယ်။

"အရှင့်သား ၊ မင်းသားတစ်ပါးက ခုလို နိမ့်ကျတဲ့စကားမျိုး ၊မပြောရပါဘူး။

ရွမ်ကျွင့်အဝတ်တို့ကိုပြင်ဆင်ပေးနေတဲ့ အထိန်းတော်ယူနာကပြောလာခဲ့လေသည်။ရွမ်ကျွင့် ကြေးမုံကနေတဆင့် မဲ့ကာရွဲ့ကာဖြင့်ကြည့်လာပြီး ပက်ခနဲ ပြန်ပြောလိုက်လေသည်။

"ဟုပါပြီ ၊ဟုပါပြီ ကျွန်တော့်အမှား၊ဟုပီလား။

"အယ်...!

"ဒုန်း ဒုန်း ဒုန်း"!!!

ရွမ်ကျွင့်ခြေကိုအသံမြည်အောင် တမင်ဆောင့်ရင်းထွက်လာခဲ့လိုက်သည်။ ကြာကန်ဘက်နားထိရောက်အောင် ပွစိပွစိပြောကာလျှောက်လာရင်း၊မြက်ခင်းပေါ်မှာရှိသည့် ခဲလုံးအားကောက်ယူကာ၊ ဘေးဘယ်ညာမကြည့်ပဲ အားနဲ့လွဲပစ်မိလိုက်တော့သည်။

"ရော့ကွာ"!!!

"ဝှီး!!!!!!!!ခွပ်"!!

"အမလေး!!!!!

🌸 ကြွေ 🌸Where stories live. Discover now