Episode 2

106 16 1
                                    


Jeno လည်းကားကြပ်တာကြောင့် နောက်ကျလို့​နေတာမို့ လမ်းကိုခပ်သွက်သွက်​လေး​လျှောက်လို့

သူလိုပဲ နာရီလေး တကြည့်ကြည့် အ​ပြေးအလွှားလာ​နေတဲ့​ကောင်​လေးတစ်​ယောက်ကိုလှမ်းမြင်လိုက်​သေးတယ်

ပုံမှန်အချိန်ဆို ရိုးရိုး ဓါတ်​လှေကားပဲစီး​ပေမယ့် ဒီ​​နေ့က​နောက်ကျ​နေလို့ VIP ဓါတ်​လှေကားကိုစီးတယ်

ပြီးတော့.....နှစ်​ယောက်တည်းဖြစ်ချင်လို့​ရောပေါ့

ဓါတ်​လှေကားထဲဝင်ကာ အဖွင့်ခလုတ်ကို ဆက်တိုက်နှိပ်ထားရင်း Renjun အလာကို​စောင့်လို့ တဘုတ်ဘုတ်နဲ့ အ​ပြေးလာတဲ့အသံကြားတာနဲ့ ခလုတ်မနှိပ်​တော့ဘဲ သွား​တော့မယ့်အထာနဲ့​ ခပ်တည်တည်နေ​ကာ

ကောင်လေးက ၀င်ဖို့ကိုတွန့်ဆုတ်​နေသလိုနဲ့ ချက်ချင်းဝင်မလာဘူး တံခါးကလည်းပိတ်​တော့မှာမို့ ခလုတ်ကိုပြန်နှိပ်ကာ သူလည်းနောက်ကျ​နေတာမို့ ဝင်လာပါတယ်

အင်း​လေ သူ့အ​နေနဲ့လည်းအ​နေ​တော့ကျပ်မှာ​ပေါ့ နှစ်​ယောက်တည်းဆို​တော့

ဓါတ်​လှေကားထဲဝင်ပြီး အလွှာနှိပ်ဖို့ကြည့်လိုက်​တော့ Renjun ဆင်းမယ့်အလွှာ 9th floors က နှိပ်ထားပြီးသား Renjun အာရုံများသွားတယ်

ဒါဆိုသူက 9th floors ဆင်းမှာ​ပေါ့ သူအလုပ်လုပ်တဲ့နေရာက ကျွန်တော်တို့အစည်းအ​ဝေးလုပ်မယ့် အထပ်မှာပဲလား

11th floors ဗက်ကနဲ ကိုနှိပ်ချလိုက်တယ် ဆင်းမယ့်အထပ်ချင်းမတူသလိုလို ဟန်​ဆောင်ပန်​ဆောင်ပေါ့

တကယ့်က အစည်းအဝေးလုပ်မယ့်ထဲမှာ JENO ပါပါတာကို သူမသိရှာဘူး အ​ကြောင်းကလဲ စား​သောက်ဆိုင်မှာတုန်းက 'အဖွဲ့မှူး Lee က ဒီ Project ကို တာဝန်ယူ​ဆောင်ရွက်ပါလိမ့်မယ်' ဆိုတဲ့ ဒါရိုက်တာ Kim ရဲ့စကားက RENJUN နားထဲမ၀င်ခဲ့ဘူး

'အ့....ဘာလို့ 11th floors ကိုနှိပ်လိုက်တာလဲ' လို့ JENO တစိမ့်စိမ့်တွေးရင်း Renjun ကိုကြည့်​နေမိတယ်

ကျွန်တော်တို့ meeting က 9th floors မှာ​လေ အမှတ်မှား​နေတာလားမသိဘူး ကျွန်တော်ကို မသိမသာ​လေးစောင်းကြည့်လိုက်​သေးတာ တစ်ခုခု​ပြောလိုက်သင့်လား ကျွန်တော် တစ်ခုခု​ပြောလိုက်သင့်လား

You Are In Love Where stories live. Discover now