သန့်ရှင်းသပ်ရပ်ပြီး အနည်းငယ်ကျဉ်းတဲ့အိမ်ထဲရောက်တာနဲ့ ချက်ချင်း JENO အတွက် လဲစရာထုတ်ပေးကာ
"အဖွဲ့မှူးခင်ဗျာ့ ဒီမှာ အဖွဲ့မှူး လဲဖို့"
Coat အပွကြီးကို ဝတ်ထားပြီး စိုရွှဲနေတဲ့ဆံပင်တွေရယ် ပေါင်သားတွေကို ကပ်နေတဲ့ဘောင်းဘီအစတွေကို ဟိုခွာဒီခွာနဲ့ ကောင်လေးကို ကြည့်ရတာအဆင်မပြေတာမို့
"ဟို...မင်းအရင်လဲလိုက်ပါလား ကောင်လေး"
"အ့...ဟုတ်ကဲ့ခင်ဗျာ့"
JENO ရှေ့ ခပ်ရှက်ရှက်နဲ့ လှုပ်စိလှုပ်စိလေး Bathroom ထဲ၀င်သွားတဲ့ကောင်လေးကို JENO အသာပြုံးမိတယ်
အိမ်ဝင်ပေါက်အနားကနံရံမှာ အုန်းဆံကြိုးရယ် Polaroid size ဓါတ်ပုံလေးတွေနဲ့ အလှဆင်ထားတဲ့ RENJUN ပုံလေးတွေကိုကြည့်ကာ
သူ့ဓါတ်ပုံလေးတွေပဲ.....အ့ ဒါအထက်တန်းတုန်းကပုံဖြစ်မယ် သွားတက်လေးနဲ့....
တခြားပုံတွေကိုဆက်တိုက်ကြည့်လာရင်းမှ
Zihan ပုံပါလား.. နေဦး ပုံတွေအကုန်လုံးနီးပါးက နှစ်ယောက်တွဲပုံတွေရယ်....တစ်ယောက်ချင်းစီပုံ အဖွဲ့လိုက်ပုံ နဲ့ နှစ်ယောက်တည်းပုံတွေ
အထက်တန်းတုန်းကပုံ တက္ကသိုလ်တက်တုန်းကပုံ ဘွဲ့ယူတဲ့ပုံ နမ်ဆန် tower နားရိုက်ထားတဲ့ပုံ ဘာလား...ဘယ်လောက်အတိုင်းတာထိ ရင်းနှီးကြတာမို့လဲ
နှစ်ယောက်အတူရှိခဲ့တဲ့ memories ကို ဒီလိုမျိုးအလှဆင်ထားရတဲ့ အထိ တန်ဖိုးထားတာလား
RENJUN ပဝါနဲ့ခေါင်းရေသုတ်ရင်း ထွက်လာတော့ Jeno ချောင်းတစ်ချက်ဟန့်ရင်း မျက်နှာအမူအယာပြင်ရသည်
"အဖွဲ့မှူး လဲလို့ရပါပြီခင်ဗျာ့"
" OK "
အ၀တ်လဲနေသည့်အထိ JENO အတွက် ဓါတ်ပုံတွေက တနုံးနုံးနဲ့ တွေးနေစရာ ဖြစ်လို့နေသည်
JENO အဝတ်လဲပြီးအပြင်ထွက်လာတော့ မီးဖိုချောင်မှာ တတောက်တောက်အလုပ်ရှုပ်နေတဲ့ကောင်လေးက အနားလာပြီး သဘက်တထည်ကမ်းပေးကာ
"အဖွဲ့မှူး ဆံပင်သုတ်ဖို့ပါ"
" OK "
ပေးလာတဲ့ သဘက်ကိုယူပြီးဆံပင်သုတ်နေတဲ့ အဖွဲ့မှူးLee JENO ကရိုးရိုး T shirt အဖြူ ဘောင်းဘီရှည်နဲ့ တောင် ကြည့်လို့ကောင်းနေတာမို့ RENJUN ငေးမောမိတယ်
YOU ARE READING
You Are In Love
Fanfictionသူရဲ့ချောမောမှုတွေကို ကန့်သတ်ပေးထားရင်ကောင်းမယ် သူ့ရဲ့အပြုံးတွေလည်း ဆင်ခြေပေးရင်ကောင်းမယ်ကျေးဇူးပြုပြီး အပြောအဆိုအသုံးအနှုန်းတွေဆင်ခြေပေးပါ လူကိုစိတ်ခုန်ရင်ခုန်အောင် တော်ရုံပဲလုပ်ပါလို့