မသွားချင် သွားချင်နဲ့ ကုတ်ကုတ်ကလေးသာ RENJUN လိုက်သွားရတယ် ဓါတ်လှေကားစီးတော့လည်းရင်တွေတုန်ရီ မူးဝေလို့
အဖွဲ့မှူးက ဒီလိုအနောက်တိုင်းဆန်တဲ့လူမျိုးလား အထက်လူကြီးဆိုတိုင်း ဒီလိုမျိုးသူခေါ်လာချင်တိုင်းခေါ်လာလို့ရမလား
ငါကအခုမှ ရည်းစားတောင်မထားဖူးတဲ့ လူရိုးလူစင်လေးကိုး...အဖွဲ့မှူးက ဒီလိုမျိုးလုပ်တာကတော့မကောင်းပါဘူး
"RENJUN"
"ဗျ...ဗျာ"
"နေမကောင်းဘူးလား မျက်နှာလေးလည်းရဲပြီး ချွေးတွေလည်းပြန်လို့"
နထင်ကချွေးတွေ လက်နဲ့သုတ်ပေးလိုက်တော့ တွန့်ဆုတ်လို့သွားပြီး အသားအသားချင်ထိလိုက်တော့ဓါတ်လိုက်သွားသလိုမျိုး......
ဓါတ်လှေကားပွင့်တော့ ချက်ချင်းထွက်မလာဘဲ နံရံကိုပေကပ်နေတာမို့ လက်မောင်းလေးကနေကိုင်ပြီး Jeno သွားဆွဲခေါ်ရသည်
" လာလေ ကောင်လေးရဲ့"
" ဟို မ...မလိုက်ချင်ဘူး"
" ဘာလို့လဲ"
"ဘာမှန်းလဲမသိဘူး အဖွဲ့မှူးကလဲ လူကိုကြိုပြောသင့်တာပေါ့"
"ဆော်တီး မစီစဥ်ဘဲဖြစ်သွားလို့ ဒါမယ့်လည်း လာပါနော်"
"အဖွဲ့မှူးကလည်း ကျွန်တော်အခုချိန်ထိ ဟို....ဟို..."
"အာ....စောသေးတာကိုယ်သိပါတယ် ဒါမယ့် RENJUN သဘောကျမှာပါ"
"ဟို..."
"ဒီမှာ ခဏစောင့်ဦးနော်"
အယ်.....ဒါ ဒါက
တကယ်က JENO ခေါ်လာတာ ခမ်းနားတဲ့ luxury ဟိုတယ်တစ်ခုက romantic ဆန်ဆန် rooftop စားသောက်ဆိုင်
RENJUN သူ့အတွေးတွေနဲ့သူ ရှက်လို့နေသည်
ရှက်ဖို့ကောင်းလိုက် ဟွမ်ရွမ်ကျွင့်ရယ် ဘာတွေလျှောက်တွေးလိုက်တာလဲ
ဟိုကစိတ်ရင်းအကောင်းနဲ့ နေရာကောင်းခေါ်လာတာကို တွေးရက်တယ် တွေးရက်တယ်
အား.....ရှက်တာ သေးသေးလေးဖြစ်ပြီပျောက်ကွယ်သွားလိုက်ချင်တယ်
YOU ARE READING
You Are In Love
Fanfictionသူရဲ့ချောမောမှုတွေကို ကန့်သတ်ပေးထားရင်ကောင်းမယ် သူ့ရဲ့အပြုံးတွေလည်း ဆင်ခြေပေးရင်ကောင်းမယ်ကျေးဇူးပြုပြီး အပြောအဆိုအသုံးအနှုန်းတွေဆင်ခြေပေးပါ လူကိုစိတ်ခုန်ရင်ခုန်အောင် တော်ရုံပဲလုပ်ပါလို့