Report File တွေတပိုက်နဲ့ ကောင်လေးတစ်ယောက် အဖွဲ့မှူး Lee JENO ရုံးခန်း တံခါးခေါက်လိုက်ပြီး
"အဖွဲ့မှူး ကျွန်တော်ပါ"
"ဪ လာလေ RENJUN "
"ဒီမှာ Report တွေပါ ကျွန်တော်ကို ဘာများ-"
"ဪ ဟို ဟဟ အဲ့ဒါက Renjun ကိုမေးစရာရှိလို့"
"မေးစရာ ဘာများလဲဟင်"
"ကိုယ်တို့ Company မှာကလေ အဟမ့်...ရုံးတွင်းချစ်သူတွေကို လက်မခံဘူးလေ အဲ့ဒါကြောင့် Renjun တို့ အဖွဲ့ထဲမှာ တွဲနေတဲ့အတွဲတွေရှိလားလို့ပါ"
တော်ရုံ panic ဖြစ်လွယ်တဲ့ကောင်လေးက Zihan နဲ့ဘာလိုလိုဆို တုန်လှုပ်သွားမှာ
"အာ...ကျွန်တော် သိသလောက်တော့ မရှိပါဘူး"
တည်တည်ငြိမ်ငြိမ်အေးအေးလူလူလေးပဲဖြေသွားတယ်ဆိုတော့ မဟုတ်ဘူးဆိုတဲ့သဘောပဲ
"ဟုတ်လား အ့ဆိုရင် ကိုယ် Renjun ကိုစပိုင်ထားမယ်နော် Renjun သတိထားမိတဲ့သူရှိရင်ကိုယ့်ကိုပြောနော်"
"ဟုတ်ကဲ့ ဟို တကယ်လို့..."
ဘာလား
"တကယ်လို့လေ တွဲနေတဲ့သူရှိရင်ရော"
မပြောနဲ့နော် Zihan နဲ့ဟိုလိုလို ဒီလိုလိုပါလို့
"ရှိ...ရှိနေလို့လား"
"မရှိပါဘူး တကယ်လို့များ ရှိရင် ဘယ်လိုအရေးယူမှုမျိုးရှိမှာလဲဟင်"
"ဘာလို့လဲ"
"အဖွဲ့ထဲကလူတွေက သူသူကိုယ်ကိုယ် ကြိုးစားရုန်းကန်နေရတဲ့သူတွေချည်းဆိုတော့ အလုပ်ထုတ်တာ ကျွန်တော်တို့နဲ့စာချုပ်ဖျက်တာ အဲ့လောက်ထိပြင်းထန်မှာလားဟင်"
စိုးရိမ်တွေးပူပြီး သူ့လူတွေကို တွေးပေးတတ်တဲ့ စိတ်ထားနုနယ်တဲ့ကောင်လေး
"အ့ကြောင့်မို့လေ အဲ့လိုအခြေအနေတွေထိမရောက်အောင် ကိုယ်ကကာကွယ်ပေးမှာမို့ ကိုယ့်ကိုအသိပေးဖို့ Renjun ကိုတာဝန်ပေးတာပေါ့"
တကယ်က Renjunတို့အဖွဲ့က JENO တို့ Company နဲ့တွဲဖက်လုပ်ရုံသာသာပဲ စီမံခန့်ခွဲရေးလက်အောက်မှာရှိမနေတာကို Renjun မသိဘူး
YOU ARE READING
You Are In Love
Fanfictionသူရဲ့ချောမောမှုတွေကို ကန့်သတ်ပေးထားရင်ကောင်းမယ် သူ့ရဲ့အပြုံးတွေလည်း ဆင်ခြေပေးရင်ကောင်းမယ်ကျေးဇူးပြုပြီး အပြောအဆိုအသုံးအနှုန်းတွေဆင်ခြေပေးပါ လူကိုစိတ်ခုန်ရင်ခုန်အောင် တော်ရုံပဲလုပ်ပါလို့