"နင်ဘယ်လိုလုပ်နေတာလဲစံပ္ပါယ်ဖူးငုံ..."
ဖျန်း!!!
ပွဲအလယ်မှာ အော်ငေါက်ခံရရုံမက ပါးလည်း အရိုက်ခံရတာကြောင့် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ...
" တောင်းပန်ပါတယ်မမကြီးရယ်...
စံပ္ပါယ်တမင်လုပ်တာမဟုတ်ရပါဘူး...""ပြောလိုက်ရင် ဆင်ခြေတွေချည်းဘဲ...
သွားသွား အနောက်မီးဖိုဆောင်မှာ သွားကူ...""ဟုတ်..ဟုတ်ကဲ့..."
"သူက ဘယ်သူလဲ...!!ပါးရိုက်ခံရတာ တော်တော်နာမယ့်ပုံဘဲ..."
" သွားသနားမနေနဲ့ သူက မြွေဟောက်မလေ...
တစ်မိသားစုလုံးကိုသတ်ပြီး သူလင်ကိုစည်းစိမ်တွေအကုန်လုံးပေးလိုက်တာတဲ့ ...""ဟယ်...တကယ်ကြီး ရက်စက်လိုက်ပါဘိ..."
" ဒါတင်ဘယ်ကမလဲ...သူလင်မိသားစုတွေက
သူနဲ့သဘောမတူဘဲ သူကမျက်နှာပြောင်တိုက်ပြီး
အိမ်ပေါ်တက်လာတာ ဘယ်လိုဘဲနှင်နှင် အိမ်ကမဆင်းဘူးတဲ့...""အေးဟယ်...မိန်းခလေးဖြစ်ပြီးအရှက်လည်းမရှိဘူး..
ဒါနဲ့ဒီမင်္ဂလာဆောင်က ငါထင်သလိုမျိုးလား...""ဟုတ်တယ်...ဒီအိမ်ရဲ့သား ဒေါက်တာမင်းစည်းစိမ်မင်္ဂလာပွဲလေ..."
"အဲဆိုသူကေရာ..."
"သူက နောက်ဆုံးတော့ အပြစ်ဒဏ်ခံရတာပေါ့...
ဒေါက်တာမင်းစည်းစိမ်ကသူလိုအယုတ်ညံ့မကို လက်ထက်ပါ့မလားလို့....""ဒေါက်တာမင်းစည်းစိမ်က Ceoမြင့်မိုရ်ထက်နဲ့လက်ထက်မှာတဲ့...
ဘယ်လောက်တောင်လိုက်ဖက်လိုက်သလဲ...""ဟင်..."
ထိုပါတီပွဲကနေထွက်လာတဲ့တစ်လျောက် တစ်ယောက်တစ်ပေါက်ပြောသံကြောင့်စံပ္ပါယ်မသိခဲ့တာကို သိရပြီးနောက် ဒေါသတကြီး မောင့်အခန်းဆီကိုသွားလေတော့သည် ။
"မောင်...မောင့်..."
စံပ္ပါယ်မောင့်ကိုအော်ခေါ်ကာ ဦးနှောက်ထဲမှာလည်း
မေးချင်တဲ့မေးခွန်းတွေ တန်းစီလို့နေသည် ။" မင်းတံခါးခေါက်ပြီးဝင်လာရမယ်ဆိုတာ မသိဘူးလား စံပ္ပါယ်ဖူးငုံ...
အဲဒါကြောင့်စိတ်ပျက်နေတာ...စည်းကမ်းကိုမရှိဘူး"
YOU ARE READING
နတ်ဆိုးဖန်ဆင်းရင်တွင်းချစ်ခြင်း
Romance... အချစ်ဦးကြောင့်သေဆုံးသွားတဲ့ကောင်မလေးက အသစ်တဖန်ပြန်မွေးဖွားလာသောအခါ... အနာဂါတ်ကိုဘယ်လိုပြင်သွားမလဲ... ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့??? ငွေကြေးကို ဘယ်ရီအဖြစ် ရေးပြီး ရှေးခေတ်သိပ်မဆန်သလိုခေတ်သစ်ဆန်ဆန်မကျဘဲ... ငွေကြေးချမ်းသာတဲ့အသိုင်းဝိုင်းပုံစံကို...