"အဟွတ်ဟွတ်!!!!အဟွတ်..."
ခါးနေတဲ့အရည်ကြောင့် သီးကာ လန့်နိုးလာတော့ ဘေးကကောင်မလေးလည်း...
"မမလေးနိုးလာပြီ...ဝမ်းသာလိုက်တာ....သခင်ကြီးရေ....သခင်လေးတို့ရေ..
မမလေးနိုးလာပြီ...."အော်ကာထွက်သွားတဲ့ကောင်မလေးကိုသေချာကြည့်ပြီး
ဝါးတားတားပုံရိပ်တွေကြောင့် ရင်ဘတ်မှာတဖန်နာကျင်လာရပြန်သည်။
မျက်စိတွေပွတ်လိုက်တော့...."ဟင်...ငါ့လက်...."
လက်ချောင်းသွယ်သွယ်တွေကြားက ရွှေရောင်လက်စွပ်လေးရှိနေတဲ့လက်သန်းမှာလှပလို့နေသည်....။
ထိုအချိန် လူသုံးယောက်က ပြေးလာကာ သူမကိုအပြိုင်ပွေ့ဖက်ပြီး...."ဝမ်းသာလိုက်တာသမီးငယ်...ဝမ်းသာလိုက်တာမသေကောင်းမပျောက်ကောင်း...."
"ဟင်!!!ဒီအသံက...."
မှားစရာတစက်မှမရှိ ဒါသူမရဲ့မွေးဖေဖေအသံပင်....ပြီးတော့ ကိုကြီးနဲ့ကိုငယ်....
"ဒါက...ဒါက..."
ဒေါက်!!!
"အားလားလား..."
"နင်ဘာလို့ သရက်ပင်ပေါ်သွားတက်တာလဲဒေါ်စံပ္ပါယ်ဖူးငုံ...အန္တရာယ်ရှိတယ်ဆိုတာမသိဘူးလား
လူကြီးတွေစိတ်ပူအောင်အရမ်းလုပ်နေတာ....""ကို...ကိုငယ်....အီးဟီး....အီးဟီးဗြဲ...."
စံပ္ပါယ်မှတ်မိပါသေးတယ် ထိုနေ့က လှေကားပေါ်ကနေ သူမကိုယ်တိုင် ကိုငယ်ကို
တွန်းခဲ့တာ သွေးအိုင်ထဲမှာ အသိမေ့နေတဲ့ကိုငယ်....ဒါမယ့် အခုက !!"ဟာ..မီးငယ် ဘာလို့ငိုတာလဲ....ငယ်...ဘာလို့ကလေးကိုအရမ်းလုပ်တာလဲ...
မီးငယ်ကအခုမှသတိရလာတာ...""ဟာ ကိုကြီးနော်...ကျွန်တော်နာအောင်လည်းမခေါက်မိပါဘူး...."
"မနာရင်ကလေးကငိုစရာလား...."
"မဟုတ်...ကိုကြီး ကိုငယ်ကိုအရမ်းမဆူပါနဲ့....စံပ္ပါယ်မှားမှန်းသိလို့ပါ...အဟင့် ချွပ်..."
ကိုငယ်အင်္ကျီစကိုကိုင်ပြီး နှပ်ချေးညစ်ထည့်တော့မှ အော်သံထွက်လာတဲ့ ကိုငယ်က ဖခင်ကိုပြေး
တိုင်လေတော့သည်။
YOU ARE READING
နတ်ဆိုးဖန်ဆင်းရင်တွင်းချစ်ခြင်း
Romance... အချစ်ဦးကြောင့်သေဆုံးသွားတဲ့ကောင်မလေးက အသစ်တဖန်ပြန်မွေးဖွားလာသောအခါ... အနာဂါတ်ကိုဘယ်လိုပြင်သွားမလဲ... ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့??? ငွေကြေးကို ဘယ်ရီအဖြစ် ရေးပြီး ရှေးခေတ်သိပ်မဆန်သလိုခေတ်သစ်ဆန်ဆန်မကျဘဲ... ငွေကြေးချမ်းသာတဲ့အသိုင်းဝိုင်းပုံစံကို...