အပြည်ပြည်ဆိုင်ရာပန်းဧကရီ ေရွးပွဲတော်မှာ တိုင်းပြည်အသီးသီးက မိန်းမလှလေးတွေဟာအပြိုင်အဆိုင်ထွက်ပေါ်လာရင်း မြို့တော်ဝင်ခန်းမတွင်
လာရောက်စုကာ နေကြသည်။စံပ္ပါယ်လည်း သူမချုပ်ထားတဲ့ဝတ်စုံကိုဝတ်ကာ
မိတ်ကပ်ကိုသေချာပြင်ဆင်ပြီးတာနဲ့ လာဗင်ဒါရေမွေးလေးကိုစွပ်ပြီး အောက်ကိုဆင်းလာခဲ့တော့သည်ဦးရန်နိူင်နဲ့ရန်မခဟာ လှေကားထိပ်ကနေ တစ်ဖြေးဖြေးဆင်းလာတဲ့ စံပ္ပါယ်ကိုကြည့်ကာ
မျက်စိပင်မခွာနိူင်တော့ပေ စံပ္ပါယ်အောက်ကိုရောက်တော့......"ဒယ်ဒီ ကိုကြီး မီးငယ်တို့ သွားကြရအောင်...."
အမ်!!
အော် အင်း သွားကြမယ် သားကြီး...."စံပ္ပါယ်ပြောမှ အသိဝင်လာကာ သုံးယောက်လုံး ကားပေါ်တက်လိုက်တော့သည်၊
ကားထဲတွင်!!!!" ဒယ်ဒီ !!!ဒီနေ့ မီးငယ်ဘယ်လိုနေလဲဟင်!!!!
" ဒယ့်သမီးလေးအလှဆုံးပေါ့ကွယ်...
ကြည့်မိတာနဲ့ ဒယ်ဒီတောင်မျက်လုံးမခွါနိူင်ဖြစ်တယ်
ဒယ်ဒီသမီးငယ်လေး အရွယ်ရောက်တာမြန်လိုက်တာကွာ...""စံပ္ပါယ်ဒယ်ဒီကို ချစ်တယ်နော်!!!
"ဟားဟား!!!ဟုတ်ပါပြီဗျာ...ချွဲပိုလေး...."
ရန်မခလည်း ကားမှန်ကတစ်ဆင့် ကြည့်ကာပြုံးရင်း
မြို့တော်ခန်းမဆီရောက်တာနဲ့ ကားပေါ်ကဆင်းကာ
စံပ္ပါယ်ကို တံခါးဖွင့်ပေးပြီး လက်မောင်းကိုကမ်းပေးကာ စံပ္ပါယ်လည်း ကိုကြီးလက်တွဲလိုက်တော့သည်။ဒိတ်ဒိတ်ကြဲသူဌေးတွေကားပေါ်ဆင်းတာနဲ့
သတင်းသမားတွေလည်း ဓာတ်ပုံတွေတစ်ဖျက်ဖျက်ရိုက်ယူကြတော့သည်။စံပ္ပါယ်တို့လည်း အထဲဝင်သွားကာ ဒယ်ဒီနဲ့ကိုကြီးကအသိတွေနဲ့စကားပြောတာမို့ သူမလည်း ဝိုင်တစ်ခွက်ကို ယူကာ.....
သူမသူငယ်ချင်းတွေလည်း သူမကိုမြင်တာနဲ့ ဝိုင်းအုံကာလာရင်း...." စံပ္ပါယ်....ဟုတ်ပါတယ်နော်...."
"အင်!!!နင်တို့က??
စံပ္ပါယ်မှတ်မိတာပေါ့ ဒီထိပ်တန်းသူဌေးသမီးတွေကို...
သူမအနာဂါတ်မှာတုန်းက သူမကိုလှောင်ရီနေခဲဲ့တာ
သေသေချာချာကိုမှတ်မိသည်
ဒါမယ့်မသိချင်ယောင်ဆောင်ကာမေးရင်း...
YOU ARE READING
နတ်ဆိုးဖန်ဆင်းရင်တွင်းချစ်ခြင်း
Romansa... အချစ်ဦးကြောင့်သေဆုံးသွားတဲ့ကောင်မလေးက အသစ်တဖန်ပြန်မွေးဖွားလာသောအခါ... အနာဂါတ်ကိုဘယ်လိုပြင်သွားမလဲ... ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့??? ငွေကြေးကို ဘယ်ရီအဖြစ် ရေးပြီး ရှေးခေတ်သိပ်မဆန်သလိုခေတ်သစ်ဆန်ဆန်မကျဘဲ... ငွေကြေးချမ်းသာတဲ့အသိုင်းဝိုင်းပုံစံကို...