စံပ္ပါယ်ဈေးကို မေသဲနဲ့ သွားကာ...
နောက်က ပစ္စည်းကိုင်ဖို့ လူနှစ်ယောက်ပါ ခေါ်လာခဲ့သည်။
လိုအပ်တာတွေ အကုန်ဝယ်ပြီးတာနဲ့ စံပ္ပါယ်လည်း
မနေ့ညက ဒယ်ဒီဆေးကုန်တော့မှာသတိထားမိတာနဲ့
ဆေးခန်းထပ်သွားကာ ဒယ်ဒီအတွက် ဆေးဝယ်ပေးလိုက်တော့သည်။
စံပ္ပါယ်ဆိုင်ကအထွက်မှာ ...ဒုတ်..."
"အား.. "
"ဟင် တောင်းပန်ပါတယ်ရှင်...တောင်းပန်ပါတယ်...."
မမလေးတိုက်မိပေမယ့် မသိသလိုပင်ထွက်သွားတာကြောင့်
မေသဲ ပြာပြာသလဲဖြင့်တောင်းပန်တော့ ထိုလူကမျက်မှောင်ကြုတ်ကာ..."မင်းကဘာမှားလို့တောင်းပန်နေတာလဲ...."
ရှင်!!!
စံပ္ပါယ်ကားပေါ်တက်မယ်လုပ်တော့ မေသဲမပါလာမှန်းသတိထားမိကာ လှည့်ကြည့်ပြီး...
"မေသဲ...လာ အိမ်ပြန်မယ်..."
ထိုလူဟာ မေသဲကိုဝါးစားမတတ်ကြည့်ပြီး စံပ္ပါယ်ဆီလှည့်ထွက်လာကာ....
"လူကိုတိုက်မိရင်တောင်းပန်ရမယ်ဆိုတာမသိဘူးလားချာတိတ်..."
"ဟင်..ရှင်ကဘယ်သူလဲ..."
တင်တင်စီးစီးစံပ္ပါယ်ကိုချာတိတ်ခေါ်တဲ့ထိုလူကြောင့် မေသဲအပြေးလာကာ...
"မမလေး...အဲတာ ခုနကဆေးခန်းမှာ မမလေးတိုက်မိလို့
ခုကလိုက်လာတာမမလေး...""အော် ...sorry.. "
စံပ္ပါယ်ထိုသို့ပြောပြီးကားပေါ်တက်လိုက်တော့သည်...ကျန်ခဲ့တဲ့မေသဲလည်း
ရပ်ပြီးဘဲတောင်းပန်ရမလိုလို...ကားပေါ်ဘဲတက်ရမလိုလိုနဲ့ပြာယာနေတာမို့..."ရတယ်ညီမ သွားတော့...."
" ဟုတ် တောင်းပန်ပါတယ်အကို..."
မေသဲတောင်းပန်ပြီးကားထဲဝင်တော့ ကားလည်းထိုနေရာကနေထွက်ခွာသွားတော့သည်။
နေအမိန့်စည်းလည်း ထွက်သွားတဲ့ကားလေးကိုတစ်ဆုံးကြည့်ကာ..."ကျစ့်...ရိုင်းလိုက်တဲ့ကလေးမ..."
ထိုသိုရေရွတ်ပြီးဆေးခန်းထဲ ပြန်ဝင်သွားတော့သည်။
"မေသဲ...နင်ဘာအမှားလုပ်ထားလဲ...."
"ရှင်မမလေး.."
YOU ARE READING
နတ်ဆိုးဖန်ဆင်းရင်တွင်းချစ်ခြင်း
Romance... အချစ်ဦးကြောင့်သေဆုံးသွားတဲ့ကောင်မလေးက အသစ်တဖန်ပြန်မွေးဖွားလာသောအခါ... အနာဂါတ်ကိုဘယ်လိုပြင်သွားမလဲ... ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာတော့??? ငွေကြေးကို ဘယ်ရီအဖြစ် ရေးပြီး ရှေးခေတ်သိပ်မဆန်သလိုခေတ်သစ်ဆန်ဆန်မကျဘဲ... ငွေကြေးချမ်းသာတဲ့အသိုင်းဝိုင်းပုံစံကို...