part4

538 10 0
                                    

စံပ္ပါယ်ကျောင်းရောက်တော့ အခန်းထဲလူတောင်ပြည့်နေပြီဖြစ်သည်..
ထိုင်ခုံနားသွားတော့သူမရဲ့ခုံပေါ်မှာ ပန်းတစ်ပွင့်ရှိနေတာမို့....

"နဒီ...ဒါက ဘယ်သူလာထားတာလဲ..."

ဘေးတစ်ခုံကျော်မှာရှိတဲ့နဒီလည်း လှည့်ကြည့်ကာ...

"အပေါ်ထပ်အခန်းက အတန်းပိုင်လာပေးတာ..."

"ဘာလား..."

စံပ္ပါယ်လည်း စိတ်နောက်ကျိကာ ပန်းကိုခုံထဲထည့်လိုက်ပြီး
ထိုင်လိုက်တော့သည်၊ နောက် ဆရာမလာတာနဲ့ စံပ္ပါယ်လည်း သေချာအာရုံစိုက်သင်လိုက်တော့သည်။

" ကလေးတို့ ဒီတပတ် စာမေးပွဲရှိတာ စာတွေရကြပြီလား..."

ကျောင်းသားတွေလည်း တစ်ညီ တစ်ညွတ်ဖြေကြတော့
ဆရာမ ခေါင်းတညိမ့်ညိမ့်ဖြင့်..စာသင်ချိန်ပြီးတော့ ဆရာမလည်း ပြန်ထွက်လိုက်တော့သည်။

" စံပ္ပါယ် နင်ပန်းဧကရီရွေးပွဲမှာစာရင်းသွင်းထားတာလား..."

"အင်..."

"ငါသွင်းထားတယ်လေ...နင်သွင်းစရာမလိုတော့ဘူးလို့..."

" မြို့အသီးသီးကမိန်းမလှလေးတွေ လာကြမှာ...
အဲပွဲက ဒိတ်ဒိတ်ကြဲသူဌေးတွေဘဲရှိတယ်...
နင်ကဘာအခံနဲ့သွားမှာလဲ..."

"နင်..."

မြင့်မိုရ်ထက်တို့မိသားစုက ရေလျှံပယ်သုံးနိူင်တဲ့သူတွေမဟုတ်တော့...
စံပ္ပါယ်ပြောလို့ရသည်...ပြီးတော့ မြင့်မိုရ်ထက်အဖေလည်း စံပ္ပါယ်တို့ကုမ္ပဏီမှာ ရှယ်ယာအနည်းငယ်ရှိတာမို့....စံပ္ပါယ် သူမနဲ့စကားမပြောချင်ပေ...
နည်းနည်းပြောပြီး သူဌေးတွေနဲ့ရောရင်
သူကိုယ်သူ သူဌေးလိုပုံစံဖမ်းယူတတ်တာမြင့်မိုရ်ထက်တို့ဖစ်သည်၊

" မိုရ်...ပြောစရာမရှိတော့ဘူးဆို ငါသွားပီ...."

မြင့်မိုရ်ထက်မကျေနပ်ကာ နှခမ်းသာကိုက်နေမိသည်၊၊

"ကျစ့်...အဲကောင်မဘာဖစ်နေတာလဲ...
အရင်က ငါ့ကိုဆို အရမ်းခင်နေကျ..ခုမှဘာထဖြစ်တာလဲ...
တကယ်လို့ သူသွားရင်...ငါကရော...အီး မတွေးချင်တော့ဘူး..."

စံပ္ပါယ်လည်းအကွယ်ကနေ မြင့်မိုရ်ထက်ပုံစံကိုကြည့်ပြီးပြုံးမိရင်း...

နတ်ဆိုးဖန်ဆင်းရင်တွင်းချစ်ခြင်းWhere stories live. Discover now