🏵️အပိုင်း (၃)🏵️
💠အခန်း ( ၁၁ )💠“အန်တီ နုလွင်”
“ဟင်…သား မောင်ငယ် ဘယ်တုန်းက ပြန်…”
အန်တီနုလွင် စကားဆုံးအောင် မမေးနိုင်တော့ ပဲ…သံဒိုင် ရပ်နေတဲ့ အခန်းတံခါးဝထိ ထိုင်နေရာမှ ထလာပြီး လာဖက်တော့သည်။ပြီးတော့ ဖက်နေရင်း ငိုသည်။သံဒိုင် အလိုက်တသိ ပြန်ဖက်ပေးထားရင်း…
“ငို လိုက်ပါ အန်တီ အားရအောင်ငိုလိုက်ပါ”
ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားရပြီး … သားရင်း ဖြစ်သူကအဝေးတစ်နေရာမှာအလုပ်သွားလုပ်နေတာ ကြုံ နေရတဲ့ အမျိုးသမီး တစ်ယောက်။ တစ်ယောက်သောသူ က ဘယ်တော့မှ ပြန်မလာနိုင်တော့ပဲ ထွက်သွားခြင်း နောက်တစ်ယောက်က လာချင်ပေမဲ့ ချက်ချင်း မလာနိုင်တဲ့သူ…ဘေးမှာ အားကို တိုင်ပင်စရာအဖော်ပြု ပေးမဲ့ သူ မရှိနေတဲ့ အန်တီ့ကို သနားမိရသည်။
“အန်တီလေ မောင်ငယ့် ကို မျှော်နေတာ… အိမ်က သားကလည်း ပြန်လာဖို့ ဘယ်လိုမှမဖြစ်နိုင်လို့ မမျှော်မိဘူး…သား ကိုပဲ မြန်မြန် ပြန်လာစေချင်ခဲ့တာ သားရယ်”
အန်တီနုလွင် ငိုရင်းနဲ့ ပြုံးပြီး သံဒိုင့်မျက်နှာကိုကြည့်ပြီး ပြောလိုက်သည်။သံဒိုင့် ပါးနှစ်ဖက်ကိုလည်း သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်သည် ကိုင်ထားလို့ အားမရဘူးဖြစ်မယ် ပါးတွေကိုထပ် လိမ်ဖဲ့လိုက်သေးသည်။
” မြန်မြန်ပြန် မလာဘူး နေစိမ့် လိုက်တာကွယ်”
“လာချင်တာပေါ့ အန်တီရယ်ဦးလတ်ဆုံးတဲ့နေ့ ဖေဖေနဲ့ ဖုန်းပြောပြီး ကတည်းက အမြန်ဆုံး ပြန်လာချင်ခဲ့တာ မန္တလေးကဘကြီး ကလည်း အသဲအသန်ဖြစ် ဆေးရုံပါတက်လိုက်ရတယ်.. သူတို့မှာ လည်း ဆေးရုံ လူနာစောင့်ပေးမဲ့ ယောင်္ကျားသား မရှိတာမို့ နေပေးခဲ့ရတာ…”
သံဒိုင် အမြန်ဆုံးပြန်လာချင်ပေမဲ့ မလာနိုင်ခဲ့… မန္တလေးက ဘကြီးဖြစ်သူ ဆေးရုံပါတက်လိုက်ရတော့ ၂ ပတ်ကျော် ကြာသွားခဲ့ရသည်။
” ၂ ပတ်ကျော် လောက်ပဲ ရှိသေးတယ် ပိန် သွား လိုက်တာ အန်တီ ရယ်”