🏵️အပိုင်း (၄) ဇာတ်သိမ်း🏵️💠အခန်း ( ၁၅ )💠
“မောင်ငယ်ရေ သား…ဒီနေ့ရော မနက်ဖြန်ရော စက်ထဲသွားပေးဦးနော်…ရပ်ကွက် ကိစ္စပြီးရင် တော့ ပြီးပါပြီ”
“ဟုတ်ကဲ့ပါ ဖေဖေ”
“ဖေဖေကအသက်လည်းကြီးပြီ…ငါ့သားလည်း ကျောင်းပြီးပြီ…အလုပ်တွေကိုအာရုံစိုက်တော့ ကွာ မင်းပဲ ဆက်လုပ်ရတော့မှာ”
“ကျ မ သားကအလုပ်မလုပ်ပဲဒီတိုင်းထိုင်နေလို့ လား”
“ရှင်မရယ် ဖအေဖြစ်သူက ပြောနေတာကို ဘာလို့ ဝင်ပြောရတာလဲ ခက်လိုက်တာ…လိမ္မာပြီး သား ပိုလိမ္မာလာအောင်လို့…ဒီမှာကလည်း ခက်လိုက်ကြတာ သားသမီးကို ဖအေဖြစ်သူ က ပြောဆိုဆုံးမနေရင် မအေလုပ်သူက ကာချင်ရတာနဲ့ အဘွားရှိရင်အဘွားဖြစ်သူက ရှေ့ က ပိတ်ရတာနဲ့ ဟင်း……”
“တော်က! တစ်ခြားတိုင်းပြည်တွေမှာ လူဖြစ်ခဲ့ ရမှာ……”
“အဲကျလည်း ဒီက ရှင်မနဲ့ ဘယ်ဖူးစာဆုံတော့ မလဲ…မလုပ်ပါနဲ့ ရှင်မရယ်”
သံဒိုင် သူ့အဖေတော်ကီလေးတွေကို သဘော ကျ လို့ ပြုံးမိလိုက်သည်။
“မကြီးမငယ်နဲ့ ဘာတွေ ပြောနေတာတဲ့လဲ… သားရေ ဈေးကိုသွား အိုဗာတင်းဘူး သွားဝယ် ပေးပါဦး …ဈေးကပြန်မှ စက်ထဲသွားတော့…”
“ဟုတ်…မေမေ”
သံဒိုင် ဈေးကိုထွက်လာခဲ့လိုက်တော့သည်။ ဖေဖေက ရပ်ကွက်ရေးကိစ္စနဲ့ အလုပ်ရှုပ်နေလို့ မနေ့ကတည်းက သံဒိုင် စက်ထဲသွားနေခဲ့ရ သည်။ညနေပြန်လာမှအန်တီနုလွင်ဆီ ခဏဝင် တွေ့ခဲ့ရသည်။နောက်နှစ်ရက်လောက် အိမ်ကို အေးဆေး မလာနိုင်သေးတဲ့ အကြောင်းပြောခဲ့ ရသည်။
“တစ်ရက်လုံးမတွေ့ရတာ ကျနော်ကို မလွမ်းဘူးလား”
သံဒိုင်မေးတော့ အန်တီနုလွင် က…
“လွမ်းလို့ မလွမ်းရအောင် ဆေးသောက် ထားတယ်တဲ့…ဘာဆေးလဲ မေးတော့……… “ဒေါက်တာသံဒိုင်ရဲ့ အလွမ်းပျောက်ဆေး”
တဲ့။သံဒိုင် ဈေးကိုရောက်တော့ သူ့မေမေမှာတဲ့ အိုဗာတင်းဘူး ဝယ်ပြီး လှည့်အထွက်… ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတာ မြသန္တာ……သန္တာကလည်း သံဒိုင့်ကိုတွေ့လိုက်ရတော့……အံ့သြသွားရပြီး နှုတ်ခမ်းလေးနှစ်ခုပွင့်သွားသေးတယ်။