🏵️အပိုင်း (၂)🏵️
💠အခန်း ( ၆ )💠
“ညနေက ဘယ်လို သက်သာသွားတာလဲ သားကြီး”
“ဒီလိုပဲ ရေလောင်းပေးလိုက်ရတာပေါ့…… မင်းဘောင်းဘီက ဘယ်လိုဖြစ်ပြီး ငရုတ်သီး ထိရတာလဲကွာ”
“ဦးတိုင်းလေ… မြတ်မွန်ကို ဆုံးမချင်လို့ ငါ့ဘောင်းဘီကို မြတ်မွန်ဝတ်တဲ့ ဘောင်းဘီမှတ်ပြီး တုတ်တစ်ချောင်းနဲ့ လှမ်းယူပြီး ငရုတ်သီးနဲ့ ပွတ်ထားတာတဲ့”
“ပေါက်ကရကွာ! ရှုပ်လည်းရှုပ်တဲ့ ဦးတိုင်းပဲ… မင်းကလည်း ဘောင်းဘီယူတာတောင် မသိရအောင် သိပ်မွန်နေတာပေါ့ ဟလား!”
“ငါ့လည်း ဆော်နဲ့လုံးနေတာဆိုတော့ သတိကို မထားလိုက်မိဘူး…။ မင်းက ဒါတွေ နားမလည်နိုင်ပါဘူးကွာ…။ ကလေးက ကလေးနေရာပဲ နေစမ်းပါ့”
“နေပါ… သားရယ်”
“အငယ်မ အစ်ကို့အတွက် ဖန်ချိုပဲ လုပ်လိုက်တော့”
“ဟုတ်… ကိုငယ် ဖေဖေရေ ဖန်ချိုတစ်ခွက် ကိုငယ် သောက်မယ်”သံဒိုင် မင်းဇင်နဲ့စကားပြောရင်း လက်ဖက်ရည်ပါ မှာလိုက်တော့သည်။ ဒီဆိုင်က သံဒိုင်နဲ့ မင်းဇင်ထိုင်နေကြ …။ လက်ဖက်ရည်ကြိုက်တဲ့ သံဒိုင်အတွက် ဒီဆိုင်ရဲ့ လက်ဖက်နှပ်ရည်နဲ့ အဆင်ပြေသည်။လက်ဖက်ရည်မကြိုက်တဲ့ မင်းဇင်အတွက် ဆိုင်ရှင်ရဲ့သမီး ၉ တန်းကျောင်းသူ နှင်းလဲ့ဖြူလေးက ထိုင်စေသည်။ သံဒိုင်က တစ်ခါတစ်လေ ဆိုင်သစ်ဖွင့်တယ်ကြားလို့ လက်ဖက်ရည် အခြေအနေသိရအောင် သွားစမ်းသောက်ဆိုရင်တောင် မင်းဇင်ပါလာရင် သွားလို့မရခဲ့…
“ဒီမြို့မှာ ဒီဆိုင်ရဲ့ ကျရည်ကို မှီတဲ့ဆိုင် တစ်ဆိုင်မှ မရှိပါဘူး။ လက်ဖက်ရည် မကြိုက်တဲ့ ငါတောင် သိသေးတယ် ဟဲ…ဟဲ”
နဲ့ လုပ်သည်။ ယောင်္ကျားလေးတွေမှာ ကိုယ်ဝါသနာပါတာတော့ အနည်းအများ ပိုအားစိုက်ကြသည်လို့ သံဒိုင် နားလည်ပေးရသည်။
“ဘောင်းဘီကိစ္စပြောမှ မင်းစပြောင်းလာတဲ့ ၉ တန်းနှစ်က ကျောင်းမှာ ဘောလုံးကန်တော့ မင်းဘောင်းဘီ မပါလို့ ငါဝတ်ခဲ့တဲ့ အတွင်းခံ ချွတ်ပေးခဲ့တာ မှတ်မိသေးလား မင်းဇင်”