ONE

717 72 4
                                    

"လမ်းခွဲရအောင်"

မက်သရူးရဲ့စကားကြောင့် ရစ်ခီရဲ့လက်ထဲမှလီမွန်တီးထည့်ထားသည့်ဖန်ဘူးဟာ မြေပြင်ပေါ်ပြုတ်ကျပြီးတစ်စဆီကွဲကြေသွားသည်။

"ဘာလို့လဲ ကျွန်တော်ဘာအမှားလုပ်မိလို့လဲ
ကျွန်တော့်ကိုစိတ်ဆိုးနေတာလား ကျေနပ်တဲ့ထိချော့မယ်လေ"

သူ့လက်တွေကိုလာကိုင်သည့် ရစ်ခီ့ရဲ့‌ေအးစက်ပြီး တုန်ရင်နေသည့်လက်တွေကိုမက်သရူးဖယ်ချလိုက်သည်။

"မင်းနဲ့ဆုံရတာ ဆိုးဝါးလွန်းလို့ နောက်တစ်ခါပြန်မတွေ့ဘဲနေကြရအောင်"

ရစ်ခီဆီမှ ပြန်ေပြာသည့်တုံ့ပြန်စကားပင်မစောင့်တော့ဘဲ မက်သရူးဟာ ရစ်ခီရှန်အားကျောခိုင်းသွားခဲ့သည်။ဆက်ဆံရေးတစ်ခုရှေ့မဆက်ချင်တော့တဲ့အခါရပ်တန့်လိုက်ဖို့အတွက် တစ်ဖက်ရဲ့တုံ့ပြန်စကားကိုမလို‌ေတာ့ဘူးမဟုတ်လား။

သူ့အားကျောခိုင်းသွားသည့် မက်သရူးရဲ့ကျောပြင်လေးကိုကြည့်ပြီးရစ်ခီဟာရပ်ကျန်နေခဲ့မိသည်။တားဆီးဖို့လဲသူ့မှာအင်အားမရှိတော့။

ဘယ်အရာကစတင်ပြီးမှားယွင်းသွားသလဲဆိုတာသူမသိ။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာမြေပြင်ပေါ်ကျသွားတဲ့ဖန်ဘူးလေးလို တစ်စဆီကြေမွသွားခဲ့ပြီဖြစ်သည်။

.
.
.
"မက်သရူး ရာထူးတိုးသွားတဲ့အတွက်
ဂုဏ်ပြုပါတယ်"

အစ်မလီနာရဲ့ဂုဏ်ပြုစကားကြောင့်မက်သရူးမျက်လုံးတွေမှိတ်သွားတဲ့အထိပြုံးလိုက်သည်။

"ဒီညကျွန်တော်ကအားလုံးကိုညစာဝယ်ကျွေးပါ့မယ်"

မက်သရူးရဲ့စကားကြောင့် ဌာနတစ်ခုလုံးကလူတွေရဲ့မျက်လုံးကအရောင်လက်သွားကြသည်။

"ဒါနဲ့ငါတို့မက်သရူးက ရှန်ဟိုင်းမှာကျောင်းတက်ခဲ့ဖူးတယ်မဟုတ်လား"

"ဟုတ် အစ်မလီနာ"

"ငါတို့က မက်သရူးဟိုရောက်ရင်အဆင်မပြေမှာဆိုးနေတာ တော်သေးတာပေါ့"

အစ်မလီနာရဲ့စကားကိုမက်သရူးကအပြုံးနဲ့သာတုံ့ပြန်လိုက်ပေမယ့် သက်ပြင်းခပ်ဖွဖွချလိုက်မိသည်။

Eight Years ApartWhere stories live. Discover now