"မင်းနဲ့ဆုံရတာ ဆိုးဝါးလွန်းလို့ နောက်တစ်ခါပြန်မတွေ့ဘဲနေကြရအောင်"
ဒီစကားကိုသူကိုယိတိုင်ပြောခဲ့ပြီး သူ့ခြေထောက်နဲ့သူဒီရပ်ဝန်းကိုပြန်လာခဲ့မိတာကြောင့်မက်သရူးကိုယ့်ကိုယ်ကိုကျိန်ဆဲမိသည်။
ရစ်ခီရှန်လည်ပင်းက Role Model Tattoo
Role Modelနာမည်နဲ့ ကုမ္မဏီ တိုက်ဆိုင်ရုံထင်ခဲ့ပေမယ့် ရစ်ခီရှန်မိသားစုပိုင်တဲ့ထဲက ကုမ္မဏီမှန်းမက်သရူးမသိခဲ့ရိုးအမှန်။ရစ်ခီရှန်နဲ့လမ်းခွဲပြီးတည်းက ရစ်ခီရှန်နဲ့ပတ်သက်သမျှအားလုံးကိုပြည်ဖုံးကားချလိုက်တာကြောင့်ဒါတွေကိုမသိခဲ့။မက်သရူး Goggleမှာ Role Model Companyအကြောင်းဖတ်နေတဲ့ဖုန်းကိုပိတ်ကာ မျက်ရိုးကိုလက်နဲ့ဖွဖွဖိလိုက်သည်။
"ဘာလို့ရစ်ခီနဲ့မှလဲ....."
"ဘာလို့ငါ့ကိုတစ်ရုံးလုံးဝိုင်းကြည့်နေကြတာလဲ ချန်လင်း"
"ထူးဆန်းတာကိုး..."
ချန်လင်းစကားကြောင့် မက်သရူးမျက်ခုံးတွေတွန့်ချိုးသွားသည်။
"ဘာကလဲ"
"ဒုဉက္ကဌကဘာမှပြောမသွားလို့လေ
ကျွန်တော့်တုန်းကဆိုရင် သူလာတာမသိပဲစကားပြောနေမိလို့‘ အရည်မရအဖတ်မရစကားတွေပြောနေမယ့်အစား အလုပ်ပိုလုပ်ရင်ဘဝကြီးတိုးတက်သွားမှာစိုးလို့လား’ဆိုပြီးပြောသွားတာ အခုထိနားထဲသူ့အသံကြီးကြားနေတုန်း”"ရစ်ခီကအဲလိုမဟုတ်ပါဘူး"
"ဘာပြောလိုက်တာလဲ ကျွန်တော်မကြားလိုက်လို့"
"ဘာမှမဟုတ်ဘူး အလုပ်လုပ်တော့"
ချန်လင်းပြောတဲ့ရစ်ခီရှန်ရဲ့အကြောင်းတွေနားထောင်ပြီး မက်သရူးမှာအံ့ဩဖို့သာတတ်နိုင်တော့သည်။သူသိခဲ့တဲ့ရစ်ခီရှန်က ချန်လင်းပြောတဲ့အကြောင်းရာတွေနဲ့နည်းနည်းမှမတူ။
ရစ်ခီရှန်ဟာ သိပ်သဘောကောင်းပြီးစကားလည်းအတော်လေးပြောနိုင်သည်။စကားတွေတတွတ်တွတ်နဲ့ပြောလွန်းလို့ မက်သရူးမှာတော်ပါတော့ဟုတားယူရတဲ့အထိပင်။
၈နှစ်ဆိုသည့်အတိုင်းတာကအရာအားလုံးကိုပြောင်းလဲသွားစေသည်။ရှန်ဟိုင်းမြို့ဟာပြောင်းလဲသွားပြီ။ရစ်ခီရှန်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။