"မင်းအတန်းရှိနေတာကိုငါ့ဆီမလာလဲရပါတယ်"
"နေမကောင်းဖြစ်နေတဲ့လူတစ်ယောက်ကိုဘယ်လိုလုပ်လစ်လျူရှု့နိုင်မှာလဲ"
ရစ်ခီရှန်ကသူ့လက်ထဲမှာပါတဲ့ ဆံပြုတ်ထုပ်ကို ပန်းကန်ထဲလှယ်နေသည်။မက်သရူးကတော့ အိပ်ယာပေါ်မှာဆိုင်ဆောင်လေးပတ်ပြီးထိုင်နေ၏။
မနေ့ကပစ္စည်းပို့ရင်းမိုးမိသွားတာကြောင့် အိပ်ယာကမထနိုင်။ဘာမှမစားပဲတစ်နေ့လုံးအိပ်နေမိတာ အခန်းတံခါးခေါက်သံကြောင့်သာ မက်သရူးနိုးလာခြင်းဖြစ်သည်။တံခါးဖွင့်လိုက်ချင်းလူတစ်ယောက်ကတင်းတင်းကြပ်ကြပ်ဖက်တာခံလိုက်ရတော့တာပဲ။
ရုတ်တရက်ဖြစ်တာကြောင့်မက်သရူးလန့်သွားပေမယ့် ရင်းနှီးသည့်ရေမွေးနံ့ကြောင့် မက်သရူးစိတ်ကလေးနွေးသွားသည်။
"ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
ရစ်ခီရှန်ဘယ်လိုနည်းနဲ့သူ့ေနသည့်ေနရာကိုသိသွားသလဲဆိုတာ မက်သရူးမသိပေမယ့် ရစ်ခီရှန်ကသူ့ရဲ့ခေါင်မိုးထက်ကအခန်းကျဉ်းလေးကိုပထမလာလည်တဲ့ဧည့်သည်ဖြစ်သည်။
ဘာမှမပြောပဲဖက်ထားသည့်ရစ်ခီရှန်ကြောင့် မက်သရူးအနေခက်လာသည်။
"အထဲမဝင်တော့ဘူးလား"
ထိုသို့ပြောမှ ရစ်ခီရှန်ကအိမ်ထဲဝင်တော့သည်။
"ဒီမှာတစ်ယောက်ထဲနေတာလား"
ရစ်ခီကသူ့အခန်းကိုဝှေ့ဝိုက်ကြည့်ရင်းပြောတော့ မက်သရူးကခေါင်းငြိမ့်လိုက်သည်။
"အရင်ကအဖွားနဲ့နေပေမယ့် အခုကတော့တစ်ယောက်တည်းလို့ပြောရမှာပေါ့"
ရစ်ခီကရုတ်တရက်ကြီးသူ့ကိုဖက်ကာ ထငိုတော့ မက်သရူးလန့်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကုန်သည်။
"ကျွန်တော့်ရဲ့မက်သရူးလေး အများကြီးပင်ပန်းခဲ့မှာပဲ"
ရစ်ခီကြောင့် မက်သရူးရယ်လိုက်မိသည်။
"ဒါလေးနဲ့ငိုရအောင် မင်းကကလေးလား"
ရစ်ခီကမက်သရူးပခုံးပေါ်ခေါင်းတင်ကာ တစ်ရှုံ့ရှုံ့နဲ့ငိုနေတုန်းပင်။မက်သရူးမှာငိုနေတဲ့ကလေးကိုဘာမှမပြောတော့ဘဲ သူပါတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်သည်။