“ငါတို့လမ်းခွဲခဲ့တဲ့အကြောင်းရင်းက
လက်တွေ့ဘဝတွေကွာခြားလွန်းလို့ပဲ”၂၀၁၅ ဧပြီလ ၂ရက်နေ့
"Fashion Technology ပိုင်းကိုစိတ်ဝင်စားတာကိုဘာလို့ အဲ့Major ကိုမလျှောက်တာလဲ"
မက်သရူးစာအုပ်ထဲမှာဈာန်ဝင်နေတာကြောင့်
ရုတ်တရက်ကြီးနားနားကပ်ကာ စကားပြောသည့်အသံကိုကြားလိုက်ရသည်ကြောင့် လန့်ကာ ထိုင်ခုန်အနောက်လန်သွားသည်။တစ်ဖက်လူကထိန်းပေးလိုက်တာမလို့ ဘာမှတော့မဖြစ်သွား။အနည်းငယ်လန့်သွားတာကြောင့် မက်သရူးသူ့ရင်ဘတ်သူလက်နဲ့ဖွဖွလေးဖိလိုက်သည်။
"အရမ်းလန့်သွားတာလား တောင်းပန်ပါတယ်"
"ဘာကိစ္စရှိလို့လဲ..."
"ကျွန်တော့်ကိုမမှတ်မိဘူးလား"
မက်သရူးသူ့ဦးနှောက်သူစက္ကန့်အနည်းငယ်မျှအလုပ်ပေးပြီး အရှေ့ကလူကိုပြန်ကြည့်ပေမယ့် သူ့မှတ်ဉာဏ်ထဲမှာဒီကောင်လေးနဲ့ပတ်သက်တာမျိုးမရှိ။
"တကယ်မမှတ်မိဘူးပဲ....ဝမ်းနည်းလိုက်တာ"
ရှေ့မှာအူကြောင်ကြောင်လာလုပ်နေတဲ့လူကြောင့် မက်သရူးစာအုပ်ကိုပိတ်ကာမတ်တပ်ရပ်လိုက်သည်။
"ငါ့မှာမင်းနဲ့ကစားေပးဖို့အချိန်မရှိဘူး"
"ကျွန်တော်အရင်အပတ်တုန်းက မက်သရူးမမှီတဲ့စာအုပ်ယူပေးသေးတယ်လေဗျာ"
သူ့နာမည်သိနေတာကြောင့်မက်သရူးမျက်ခုံးပင့်လိုက်သည်။
"ကျွန်တော်စာကြည့်တိုက်မှူးဆီမှာမေးထားတာ...ကျွန်တော့်နာမည်က ရစ်ခီ"
"..........*
"ကျွန်တော်ကိုစာတွေရှင်းပြပေးလို့ရမလား"
"မအားဘူး.."
ရစ်ခီကစာလေးရှင်းပြခိုင်းတာဖြစ်ပေမယ့် မက်သရူးကချက်ချင်းပင်ငြင်းပယ်လိုက်သည်။မက်သရူးဟာ လူတစ်ယောက်ကိုအချိန်ပေးပြီးစာရှင်းပြရလောက်တဲ့ထိသူ့မှာအချိန်တွေပိုလျှံမနေခဲ့ပါ။သူ့ရဲ့တစ်နေ့သာက ကျောင်းစာပြီးရင် အချိန်ပိုင်းအလုပ်တွေနဲ့ပြည့်နေခဲ့တာကြောင့်ဖြစ်သည်။