Oepheusနှင့်Oepheusနှင့် Eurydiceတို့၏ အချစ်ဇာတ်လမ်းလေးက ပျော်ရွှင်ကြည်နူးဖွယ်။
Eurydiceက အစောင့်တွေတင်းကျပ်သည့်ကြားမှ ခိုးထွက်ကာ Orpheusနှင့် နေ့စဥ်လာရောက်တွေ့ဆုံမြဲပင်။
မြို့တောင်ဘက်က သံလွင်ပင်ကြီးဟာလည်း သူတို့နှစ်ယောက်တွေ့ဆုံနေကျနေရာလေးဖြစ်လာခဲ့သည်။
သံလွင်ပင်ကြီးကကြီးမားသည့်အပင်အိုကြီးဖြစ်တာကြောင့် အမြစ်ပျဥ်းအများအပြားရှိပြီး ပင်စည်လုံးပတ်ကြောင့် တော်ရုံလူ သိပ်မမြင်နိုင်။
Orpheusက အပင်ကြီး၏ ပင်စည်ကိုမှီလျက် အမြစ်ဆုံများကြား၌ ထိုင်နေပြီး သူ၏ရင်ခွင်ထဲ၌ Eurydice Kimကို ထွေးပွေ့ထားလေသည်။
"မင်းကိုဖြင့် မောင်တော့ သိပ်ချစ်တာပဲ Eurydiceရယ်.."
Orpheus၏အသံမှာ လေးနက်တည်ကြည်နေပြီး အချစ်များဖြင့်ပျော်ဝင်နေလျက်ရှိသည်။သူသည် Eurydice၏ ရွှေရောင်ဆံနွယ်လေးတွေကို တယုတယနမ်းရှိုက်ရင်းမှ ချစ်မဝဟန်ပြောသည်။
"မင်းရဲ့ ဆံနွယ်လေးတွေကိုလည်းချစ်တယ်..."
"မင်းရဲ့ မျက်ဝန်းပြာလေးကိုလည်းချစ်တယ်...."
Orpheusက ပန်းရောင်သွေးကြောမျှင်လေးတွေယှက်ပြေးနေသည့် မျက်ခွံလေးကို ခပ်ဖွဖွထိရင်းမှဆိုသည်။
"မင်းခန္ဓာကိုယ်က မှဲ့သေးသေးလေတွေကအစ မင်းခြေဖဝါးအောက်က ခြေစာမှုန့်လေးတွေအထိ မြတ်နိုးတယ်...."
Orpheusသည် ဘေးပတ်ဝန်းကျင်အားမည်သို့မျှမကြည့်။သူ့အကြည့်တို့ရဲ့လားရာက Eurydice Kimဆီ၌သာ။Eurydiceကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း မြတ်နိုးမဝစွာချစ်စကားတို့ကိုဆိုမည်။သို့တည်းမဟုတ် Eurydiceအတွက် သူဖွဲ့ဆိုထားသော ကဗျာလေးများအား ရွတ်ဆိုပြမည်။
Eurydiceကတော့ ထိုသို့မဟုတ်။သူနှင့်အကြည့်ချင်းဆုံသည့်အချိန်ကရှားသည်။အဝေးတနေရာသို့ ငေးနေတတ်ပြီး တစ်ခါတစ်ရံမှာ သူ့ဝတ်ရုံအနားစလေးကို ဆော့ကစားနေလေ့ရှိတယ်။
သူ၏ ချစ်စကားများကိုကြားလိုက်ရတိုင်း Eurydiceမှာ ရင်ခုန်ရသလို ကြည်နူးမိပြန်သည်။တစ်ဖန်ရှေ့ရေးကို တွေးမိသောအခါ ပူပန်ရပြန်သည်။