Part 🍑 1

11.7K 287 7
                                    

Alarm သံက ခပ်တိုးတိုးထွက်ပေါ်လာတာ‌ကြောင့် ခပ်မြန်မြန်ပိတ်လိုက်ရင်း ရင်ခွင်ထဲကကိုယ်လုံးလေးကို ငုံ့ကြည့်လိုက်သည်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မကိုမြင်မှ စိတ်အေးသွားရသည်။ခုတလော မျက်နှာလေးမလန်းနေတာကြောင့် စိတ်ပူနေရတာဖြစ်၏။နေမကောင်းလဲမဖြစ်ဘဲ ခန္ဓာကိုယ်လေးသိသိသာသာပိန်ကျသွားသည်။

မေမေကတောင် "သမီးနွေရိပ် ခုတလောအစားလဲသိပ်မစားဘူး နေများမကောင်းတာလား ခန္ဓာကိုယ်လေးပိန်သွားသလိုပဲ"တဲ့။သူလဲသတိထားမိနေတာ လေးငါးရက်လောက်ရှိနေပေမယ့် ထုတ်မေးတော့လဲ နေကောင်းတယ်ပဲပြောသည်။ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာကြောင့် စောစောမထစေချင်ပါ ဒါကြောင့်နှိူးစက်ကိုအမြန်ပိတ်လိုက်ရတာဖြစ်သည်။

နဖူးလေးကိုငုံ့နမ်းရင်း ခပ်နွေးနွေးခန္ဓာကိုယ်လေးကိုထွေးဖက်ထားလိုက်သည်။ညထဲက မေမေကို မ မနက်မထဘူးလို့ပြောပြထားသည်။မေမေကလဲ မကိုဂရုစိုက်ဖို့မှာသေးသည်။

အင်း အရင်ကထက်ပိုဂရုစိုက်မှဖြစ်မှာပါ။

ရင်ခွင်ထဲက ခန္ဓာကိုယ်လေးလွန့်လူးလာမှ ငုံ့ကြည့်မိသည်။မျက်လုံးခပ်အစ်အစ်လေးနဲ့မော့ကြည့်လာတဲ့ချစ်ရသူလေးကို အသဲယားစွာနဖူးလေးကိုငုံနမ်းမိပြန်သည်။

"ဘယ်နှစ်နာရီရှိပြီလဲမောင် "

"အစောကြီးရှိသေးတယ် ထပ်အိပ်အုံး"

"ဘုရားဆွမ်းတော်ကပ်ရအုံးမှာ နောက်ကျနေပြီလားတောင်မသိဘူး"

"မေမေ့ကိုပြောထားပြီးသား ထပ်အိပ်အုံးချစ်ရာ ချစ်ခုတလောပိန်သွားတာမောင်စိတ်မချမ်းသာဘူး အိပ်ရေးဝအောင်ထပ်အိပ်အုံးနော် "

"မေလဲ့ကိုအားနာစရာကြီးမောင်ရယ် "

"ချွေးမနဲ့ယောက္ခမကြားဘာအားနာစရာရှိလို့လဲ ချစ်ရာ မျက်နှာမလန်းသေးဘူးခဏတော့ထပ်အိပ်ပါအုံး မောင်ဖက်ထားပေးမယ်နော်"

အဲ့တော့မှ ခေါင်းလေးညိမ့်ပြီး သူ့ခါးကိုလက်တွေနဲ့သိုင်းဖက်ကာ ရင်ခွင်ထဲမျက်နှာလေးအပ်လာသည်။လက်ထပ်ပြီးထဲက မနက်တိုင်းစောစောထပြီး ဘုရားဆွမ်းတော်ကပ် မနက်စာပြင်ပေးသည်။တစ်ခါတစ်လေ ထမင်းဟင်းပါဝင်ချက်တက်တာကြောင့် ဘယ်လောက်တားတားမရ။မနက်ဆိုတာနဲ့ရင်ခွင်ထဲက လှစ်ကနဲထွက်သွားတာဖမ်းလို့ကိုမမိ။ချွေးမတာဝန်ကျေပွန်နေတဲ့ အိမ်သူလေးကိုသူ့မှာအချစ်ပိုရသလို အားလဲနာရသည်။အလုပ်တစ်ဖက်နဲ့အိမ်အလုပ်လဲလုပ်ရတော့ မေမေကမလုပ်ဖို့ပြောသည်။ခေါင်းမာတဲ့ချစ်ကလက်မခံဘဲဆက်လုပ်သည်။

LOVE STORY (Season 2)Where stories live. Discover now