Final Chapter

3.8K 90 0
                                    

"Happy Birthday ငါ့ကောင် သားလေးအတွက်လဲ Congratulations ပဲ"

"လာပေးတာကျေးဇူးကွာ "

"Happy Birthday မောင်နေသွေး"

"သားလေးမွေးပြီဆို Congratulations ပါ ငါ့တူရာ"

"Happy Birthday နေသွေး"

မ ရဲ့လက်ကိုတွဲပြီး လိုက်ဧည့်ခံနေတာကြာပြီမို့ မ ကို ပန်းမြတ်တို့ဝိုင်းမှာထိုင်ခိုင်းလိုက်သည်။

"ကိုနေသွေး Happy Birthday ပါဗျာ"

"ကျေးဇူးပါဗျာ ချစ် ဒါက မောင်တို့ကုမ္ပဏီပါတနာ မင်းခေတ်ခြံရံ "

"တွေ့ရတာဝမ်းသာပါတယ် "

"‌ဟုတ်ကဲ့ မနွေရိပ် "

"ချစ် ဘာစားချင်လဲ မောင်သွားယူပေးမယ်"

"ကိတ်လေးပဲစားမယ်မောင်"

"အင်းအင်း "

မောင်က ထထွက်သွားပြီး ခဏကြာတော့ ကိတ်မုန့်ပန်းကန်လေးကိုင်ပြီးပြန်ရောက်လာသည်။သူ့အတွက် ပန်းသီးဖျော်ရည်လေးပါ တစ်ခါထဲယူလာပေးသည်။

"မောင် သွားဧည့်ခံလိုက်အုံးမယ်နော်"

"မ ကိုစိတ်မပူနဲ့ "

"အင်းအင်း"

နဖူးလေးကို ငုံ့နမ်းပြီး ထွက်သွားမှ ဝိုင်းမှာရှိနေတဲ့သူတွေနဲ့စကားပြောရသည်။ကိုမင်းခေတ် ဘေးကကောင်မလေးက ကိုမင်းခေတ် ဇနီးဖြစ်လောက်မည်

"မနွေရိပ်ကိုမိတ်ဆက်ပေးရအုံးမယ် ဒါ ကျွန်တော့်ဇနီး အနှိုင်းမဲ့"

"တွေ့ရတာဝမ်းသာပါတယ် ညီမလေး "

"ဟုတ် မမ သားလေးမွေးထားတယ်ပြောတယ် Congratulations ပါနော်"

"ညီမလေးလဲ သားလေးမွေးထားတာမကြာသေးဘူးမလား အားမှအမအိမ်လည်လာခဲ့မယ်နော်"

"ဟူတ် လာခဲ့မမ အနှိုင်းလဲမမတို့အိမ်လာခဲ့ပါ့မယ်"

မိန်းကလေးချင်းမို့ စကားပြောရင်း ခဏလေးနဲ့ရင်းနှီးသွားကြသည်။ခဏကြာတော့ ခွန်းတို့လင်မယားရောက်လာသည်။

"ခွန်းတို့နောက်ကျသွားတယ်မမနွေရိပ် "

"အမွှာလေးတွေမအိပ်လို့မလား ညီမခွန်း"

LOVE STORY (Season 2)Where stories live. Discover now