Part 🍑 4

4.4K 122 8
                                    

"ထိပ်ထား လာလေ"

ခွန်းက အိမ်ပေါက်ဝမှာရပ်နေတဲ့ထိပ်ထားကို ပြေးခေါ်သည်။ညီအမချင်းမို့ အဖုအထစ်မရှိဘဲ ခေါ်ပြောနေတာကြာခဲ့ပြီဖြစ်သည်။ကိုနေနဲ့ကိစ္စဖြစ်တုန်းက သူမလဲ ထိပ်ထားကိုပြောဆိုခဲ့တဲ့အထဲပါသည်မလား။ထိပ်ထားက ရင်ဖုံးအညိုရောင်လေးနဲ့ ချိတ်ထဘီလေးကိုဝတ်ဆင်ထားသည်။မြန်မာဆန်ဆန်ပုံစံလေးက တစ်ခါမှမတွေ့ဖူးတာမို့ ထိပ်ထားနဲ့လိုက်ဖက်နေသည်။

နွေရိပ်ကိုမြင်တာနဲ့ထိပ်ထားမျက်နှာလေးပျက်ယွင်းသွားသည်။ဒါကိုရိပ်မိတဲ့နွေရိပ်ကပဲ ဦးစွာပြုံးပြလိုက်ပါသည်။ကြာခဲ့ပြီမို့ နွေရိပ်စိတ်ထဲဘာမှမရှိတော့ ထိပ်ထားကပြန်ပြုံးပြရင်း ဘေးနားမှာလာထိုင်သည်။

"သမီးထိပ်ထား လာပြီလား အန်တီတို့ကမျှော်နေတာ"

ကလေးတွေကိစ္စကိုမသိတဲ့ ‌ဒေါ်စိမ်းလဲ့သစ်က ဖော်ဖော်ရွေရွေပဲနှုတ်ဆက်တော့ ထိပ်ထား အားနာသွားရသည်။ဟိုကိစ္စဖြစ်ပြီးထဲက ထိပ်ထားဒီအိမ်တွေဘက်ခြေမလှည့်ခဲ့တာဖြစ်သည်။ခုလဲ ခွန်းကိုယ်တိုင်ဖုန်းဆက်တာကြောင့် လာခဲ့ရတာဖြစ်သည်။

"အန်တီနေကောင်းတယ်နော် သမီးအလုပ်မအားလို့မလာဖြစ်တာပါ"

"ကောင်းပါတယ်သမီးရယ် သမီး အလုပ်ဝင်နေပြီလို့ကြားပါတယ် အဆင်ပြေတယ်မလား"

"ပြေပါတယ်အန်တီ'

"ဘယ်နှစ်လရှိနေပြီလဲ နွေရိပ်"

"ခုမှ ၄ လပဲရှိသေးတာ မဂ်လာဆောင်တုန်းကဘာလို့မလာတာလဲ "

"ဘယ်လိုလုပ်လာရဲပါ့မလဲ "

"ဖြစ်ခဲ့တာတွေလဲပြီးခဲ့ပါပြီထိပ်ထားရယ် လူတိုင်းအမှားမကင်းဘူးမို့လား နွေရိပ်စိတ်ထဲမထားတော့ပါဘူး အမှားကိုသိပြီးအမှန်ပြင်နိုင်တာပဲ "

"တို့ နွေရိပ်ကိုအားနာတယ် နွေရိပ်ရဲ့စိတ်ထားကိုသိရတော့ ကိုယ့်ကိုကိုယ်ရှက်မိတယ် ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်နော် '

"ရပါတယ် နွေရိပ်နားလည်ပါတယ်"

ခွန်းက နောက်ဘက်ထဲဝင်သွားတာကြောင့် ဧည့်ခန်းထဲမှာ လူကြီးတွေနဲ့သူတို့သာရှိသည်။လူကြီးတွေက စကားပြောနေကြတာကိုယ့်အာရုံနဲ့ကိုယ်မို့ သူတို့ပြောနေတာကိုအရေးမစိုက်ကြ။နွေရိပ်အပြုံးတွေကအေးချမ်းလှသည်။ထိပ်ထားလဲ မှားခဲ့တာတွေအတွက် အမှန်ပြင်ကာအကောင်းဆုံးနေထိုင်နေခဲ့ပြီမလား။

LOVE STORY (Season 2)Where stories live. Discover now