Part 🍑 9

3.8K 100 1
                                    

"ရှေးလေးက တုတ်ခဲနေတာပဲ အသဲယားလိုက်တာ"

ပါးဖောင်းဖောင်းကြီးတွေကို တစ်ရှုံ့ရှုံ့နမ်းရင်း ခွန်းနဲ့ပန်းမြတ်ကအသဲတယားယား။ရက်ပိုင်းသာရသေးပေမယ့် သမီးလေးက တုတ်ခဲနေသည်။မွေးခါစက နီရဲရဲလေးမို့ သိပ်မသိသာပေမယ့် ခုမှအသားလေးတွေဖြူဖွေးကာ ပိုချစ်ဖို့ကောင်းလာသည်။

"ပါးကိုကိုက်ဆွဲလိုက်ရင်ငိုတော့မယ်"

"ဟေ့ ဟေ့ ငါ့သမီးကိုမကိုက်နဲ့နော် ဖျစ်လဲမဖျစ်နဲ့"

"အမလေး မကိုက်ပါဘူးနော် သဘောပြောပြတာ တွန့်တိုလိုက်တာ"

ပန်းမြတ်ကလဲပြန်ရန်စောင်သည်။ကုတင်ပေါ်ချထားတဲ့သမီးလေးရဲ့ဘေးတစ်ဖက်စီမှာ ဝင်ထိုင်နေတာကြောင့် ကုတင်ကပြည့်နေသည်။နွေရိပ်က ဆိုဖာမှာထိုင်ရင်း ထမင်းစားနေသည်။နေသွေးက နွေရိပ်ဘေးမှာထိုင်ကာ ဂရုတစိုက် ဟိုဟာလုပ်ပေးဒီဟာလုပ်ပေးအလုပ်များနေရာက သမီးလေးဆီလဲလှည့်ကြည့်နေသေးသည်။

"နှုတ်ခမ်းလေးက မမနွေရိပ်ကိုတူတာသိလား ပြည့်ဖူးနေတာပဲ "

"ဟုတ်ပါ့ နှာတံလေးကလဲထင်းနေတာပဲ"

"ငါ့တူလို့နှာတံချောတာ သမီးကအဖေရောအမေရောတူတာ"

"မဟုတ်ပါဘူး မမနွေရိပ်တူလို့လှတာ"

"သွားတော့ သွား ပြန်တော့ ငါ့သမီးအနားမကပ်နဲ့"

"မောင် ဘာလို့အူတိုနေတာလဲ "

"မောင့်သမီးကမောင့်ကိုတူတာကို"

နွေရိပ် ရီလိုက်မိရင်း မောင့်နှာခေါင်လေးကိုဖျစ်ညှစ်လိုက်သည်

"သူတို့ကစနေတာပါ မောင်နဲ့တူလို့ သမီးလေးကအသားဖြူနေတာကို "

"အသားဖြူယုံရင်မဟုတ်ဘူး မျက်နှာလေးရောတူတာ"

"ဟုတ်ပါတယ် မောင်နဲ့တူတာကျေနပ်ပြီလား"

အကဲပိုနေတဲ့မောင်ကချစ်စရာကောင်းနေသည်။သမီးလေးကိုသဲသဲလှုပ်နေတဲ့မောင့်ပုံစံက ဖခင်ကောင်းတစ်ယောက်လိုကြည့်ကောင်းနေသည်။

"‌မောင် နေ့လည်စာသွားစားလိုက်အုံးမယ်နော် နင်တို့မကိုကြည့်ထားပေးအုံး"

LOVE STORY (Season 2)Where stories live. Discover now