Part 🍑 10

3.8K 98 0
                                    

ကုတင်ခေါင်းရင်းမှာ ချိတ်ထားတဲ့ ပုံလေးတွေကိုကြည့်ရင်း နွေရိပ်မျက်နှာပြုံးနေသည်။မောင်နဲ့ Pre-wedding တုန်းကရိုက်ထားတဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးနေတဲ့ပုံလေးက အသက်ဝင်လှသည်။နမ်းနေတဲ့ပုံလေးပါချိတ်ထားတဲ့မောင်က သူပြောတာကြောင့် ခပ်သေးသေးလေးသာချိတ်ထားရသည်။သမီးလေးရက်တစ်ရာပြည့်တုန်းက ဘုရားသွားတဲ့ပုံလေးကလဲ လှပစွာချိတ်ဆွဲထားသည်။ပုံတွေတင် ငါးပုံလောက်ရှိသည်။အကုန်လုံးကအမှတ်တရပုံလေးတွေမို့ ကြည့်မိတိုင်း ပြုံးမိသည်။

"ဓာတ်ပုံတွေကြည့်နေတာလား ချစ်"

မောင်ရေချိုးခန်းထဲကထွက်လာ‌တာတောင်မသိလိုက်ဘဲ ဓာတ်ပုံကြည့်ရင်းအတွေးထဲနစ်နေမိတာဖြစ်၏။မောင်က အပေါ်ပိုင်းဗလာနဲ့ခါးမှာတဘက်တစ်ထည်သာပတ်ထားသည်။ရင်အုပ်ကျယ်ကျယ်နဲ့ ဗိုက်မှာပေါင်မုန့်ခြောက်တုန်းကသရေကျဖွယ်ကောင်း၏ ခန္ဓာကိုယ်အမြဲထိန်းသိမ်းတဲ့မောင့်ခန္ဓာကိုယ်က အမြဲမိုက်နေတော့သည်။

ကုတင်ပေါ်ကဆင်းလိုက်ပြီး တဘက်တစ်ထည်နဲ့မောင့်ရင်ဘက်ကရေစက်တွေကိုသုတ်ပေးလိုက်သည်။အရပ်ရှည်တဲ့ကိုယ်တောင် သူ့‌မေးဖျား လောက်ရှိသည်မို့ မော့ကြည့်ရသည်။

"သမီးလေးကို မေမေလာခေါ်သွားပြီလားချစ်"

"မောင်ပြောထားတာမဟုတ်လား မေမေကပြုံးစိစိနဲ့လာခေါ်သွားတာ'

"အဟဲ မေမေကဒီလောက်တော့အလိုက်သိပါတယ်"

"ဟွန့်"

မောင့်ကို မော့ကြည့်တော့ ရီဝေဝေအကြည့်တွေနဲ့ဆုံသည်။ခါးလေးကိုဆွဲဖက်ခံလိုက်ပြီး နှုတ်ခမ်းပေါ် အနမ်းတွေ‌ရောက်လာသည်။ကျောပြင်ကိုလက်မဝါးကြီးတွေနဲ့ပွတ်သပ်ပြီး နှုတ်ခမ်းကိုချယ်လှယ်နေတာကြောင့် နွေရိပ်မောင့်လည်တိုင်ကိုတွဲခိုထားကာ တုံ့ပြန်လိုက်သည်။

"ပြွတ်စ် အွန်း ပြွတ်စ်"

"အင့် ပြွတ်စ်"

နှုတ်ခမ်းချင်းပွတ်တိုက်သံတွေက နားရှက်ဖွယ်ကြားနေရပေမယ့် သူတို့အတွက် စိတ်ကြွစေသည်။ကုတင်ပေါ်မောင်ကပွေ့ချီခေါ်လာပြီး ချပေးသည် ပြီးမှ မောင်ကသူ့အပေါ်အုပ်မိုးရင်း အနမ်းတွေကိုဆက်သည်။

LOVE STORY (Season 2)Where stories live. Discover now