မိသားစုဝင်အားလုံး ထမင်းစားခန်း၌ စုံကြပြီး တစ်ဉီးကို တစ်ဉီး နှုတ်ဆက်ကြသည်.....
သို့ပေမယ့် ကလျာကတော့ မျက်နှာကို ဆူပုတ်ထားပြီး ဘယ်သူကိုမှ နှုတ်မဆက်ပေ.......
"ကလျာ.... ဘာဖြစ်နေတာလဲ...."
ပတ်တီးအဖွေးသားနဲ့ မင်းနွယ်က ထမင်းစားခန်းထဲ ဝင်အလာ ညီမဖြစ်သူ၏ ဆူပုတ်ထားသော မျက်နှာကြောင့် စလိုက်သည်.....
"ကျောင်းတက်ချင်တာတဲ့အကိုရေ.....ကျနော်က ခြေထောက်သက်သာမှ တက်ရမယ်လို့ ပြောတာကို..... မတက်ရလို့တဲ့....."
"သက်သာနေပါပြီဆိုမှ....."
တစ်ကိုယ်တည်း ကြားရုံမျှပြောလိုက်သော်လည်း....
"ဘာသက်သာတာလည်း! မနက်က ရေချိုးခန်းထဲတောင် ဖင်ထိုင်ရက်လဲနေသေးတာကို မရဘူးဘဲ!"
နောင်နောင်နဲ့ ကလျာကိုကြည့်ပြီး ပြုံးနေကြသည်....
မင်းနွယ်ကတော့ တဟားဟားသာ အော်ရယ်နေတာကြောင့် ကလျာရဲ့ ဂျိုကြည့် ကြည့်ချင်းကို ခံလိုက်ရသည်......
"ဖူးငယ်သာ ရှိရင် ကောင်းမယ်...."
ခပ်တိုးတိုး ထွက်လာသော ကလျာစကားကို အားလုံး ကြားကြသည်
ထို့ကြောင့် ထမင်းစားခန်းထဲက လူတွေအကုန် စိတ်မကောင်းကြ.....
နှစ်ရှည်လများ သံယောဇဉ်ကြိုးကို ရုတ်တရက် ဖြတ်ချချင်းခံလိုက်ရသည့် ခံစားချက်ကို ကိုယ်တိုင် ခံစားရမှသိနိုင်မည်ပေ.....
သို့ပေမယ့် ကလျာဟာ မျက်ရည်လုံးဝမကျပါ.....
စိတ်မကောင်းတာဘဲ ရှိတာ.....
ကိုယ်ရင်ထဲ တယုတယနဲ့ မွေးဖွားထားရတဲ့ ကလေးငယ်တစ်ယောက်ကို ဆုံးရှုံးရတော့ ဝမ်းနည်းမိတာဘဲရှိတာ.....
မကြာခင် ပြန်လာမှာဆိုတဲ့အတွက် သိပ်ပြီး မခံစားနိုင်ပါ.....
*ကျီ....*
အိမ်ရှေ့ ကားဘရိတ်အုပ်သံကို ကြားလိုက်ရတာကြောင့် အားလုံး၏ အာရုံက အိမ်ရှေ့ခန်းသို့....
"ဘယ်သူလဲ.... "
"ငါလဲ မသိဘူး..."
အမွှာနှစ်ယောက်က ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်....
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Romance(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ" သူတို့ဟာ ဘယ်သူတွ...