ဆေးလိပ်ငွေ့များကို ကလျာရှူထုတ်လိုက်ပြီး စီးကရတ်ကိုပါ တစ်ခါတည်းခြေပြစ်လိုက်သည်။ ဝတ်ထားသော T-shirtကိုပါချွတ်ပြီး ရေချိုးခန်းထဲဝင်ကာ စိတ်သက်သာမှုရအောင် ရေဝင်ချိုးလိုက်သည်။ အေးစက်လှသည် ရေစက်များဟာ ခန္ဓာကိုယ်အနှံ့ပြန့်သွားပြီး အပူတွေကိုလျော့ကျသွားစေသည်။
ရေချိုးပြီးသည်နှင့် တဘက်တစ်ထည်ယူကာ ခန္ဓာကိုယ်ကို ပတ်လိုက်ပြီး ထွက်လာလိုက်သည်။ ဗီဒိုထဲ Shirtတစ်ထည်နဲ့ ဘောင်းဘီကို ယူဝတ်လိုက်ပြီး ဆံပင်များကို ရေပြောင်အောင်သုတ်လိုက်သည်။ ထို့နောက် တဘက်ကို ပုခုံးပေါ် တင်ကာ ဝရံတာဘက်ကို ထွက်လာလိုက်သည်။ ကောင်းကင်ကြီးကို ကလျာ အချိန်အကြာကြီးစိုက်ကြည့်နေမိသည်။
တဖျက်ဖျက်လင်းလက်နေသော ကြယ်လေးများက ကောင်းကင်ကြီးကို အလှဆင်ပေးနေသရောင်။
"မာမီ~"
အသံသေးသေးလေးက ကလျာရဲ့ အာရုံကိုစိုးမိုးသွားသည်။ ဒါ့အပြင် လက်သေးသေးတစ်စုံကပါ သူ့ခါးမှာ ရစ်ပတ်လာတော့သည်။
"ဘာလို့လဲ Baby"
"မာမီ အိပ်မပျော်ပြန်ဘူးလား"
"မဟုတ်ပါဘူး ကိုယ်ခုမှ ရေချိုးပြီးလို့ ခဏ လေညှင်းခံနေတာပါ။ Babyကရော ဘာလို့နိုးလာတာလဲ"
ကလျာ Babyအား လိမ်လိုက်မိသည်။ စကားဆိုသည်မှာလည်း မုသားမပါ လက်ာမချော ပင်။ Babyကတော့ အခုချိန်အထိ မျက်လုံးမပွင့်သေးဘဲ အိပ်ချင်မူးတူးဖြစ်နေသည်။
"မာမီမှ မရှိတာ~"
"ကိုယ်ပွေ့ထားပေးမယ် အိပ်တော့"
ကလျာ Babyရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်ပြီး ခေါင်းကို ပုခုံး၌ မှီစေလိုက်သည်။ ထို့နောက် အခန်းထဲ၌ ကလျာတစ်ယောက် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေရတော့သည်။
အချိန်ကြာတော့ မိမိကိုယ်တိုင်လည်း ညောင်းလာသည်ကြောင့် ဆိုဖာပေါ်ထိုင်ကာ Babyကို ပွေ့ထားရင်း မျက်လုံးများကိုခဏတာ မှိတ်ထားလိုက်သည်။
........................
Next Morning🌇
........................မျက်နှာပေါ်ထိုးကြလာသော အလင်းရောင်ကြောင့် အနောင်တစ်ယောက် ကျိန်းစပ်နေသောမျက်လုံးများအား အားယူပြီးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ မာမီမရှိတော့မှန်းသိလိုက်ရသည်။
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Romance(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ" သူတို့ဟာ ဘယ်သူတွ...