(Note: ယခုအပိုင်းသည် ဇာတ်လမ်းနှင့် လုံးဝမဆိုင်ပါ!!
သိထားဖို့👇
(Q)က မေးသူ
(AKN)က အံ့ကလျာနွယ်
(SYN)က ရှိုင်းရင့်နောင်
(ATMN)က အံ့ထွဋ်မင်းနွယ်
(SMK)က စစ်မင်းခပါ
ဒါဆို စကြရအောင်!!!
........................Qတစ်ယောက် အခန်းထဲမှာချိန်းထားတဲ့သူတွေကို စောင့်နေတာ နာရီအတော်ကိုကြာနေလေပြီ....
Q- "မလာတော့ဘူးလားဟ...."
လက်က နာရီကို ကြည့်ကာပြောလိုက်မိသည်....
ထိုသို့ပြောပြီး မကြာ အခန်းတံခါးကပွင့်လာပြီး suitအပြည့်နဲ့ လူလေးယောက်က ဝင်လာသည်.....
Qမိမိ၏ ဆံပင်နဲ့ အက်ျီကို အနည်းငယ် ပြင်လိုက်ပြီး အပြုံးနဲ့ ကြိုဆိုလိုက်သည်....
Q- "Welcome!! မလာတော့ဘူးတောင် ထင်နေတာ"
SMK- "ဟဲဟဲ အလုပ်မပြီးနိုင်သေးလို့ပါ"
SYN- "ကျနော်က ကျောင်းမဆင်းသေးလို့"
ဖြူဖြူဉဉကောင်လေးတွေက အပြုံးလေးတွေနဲ့ ဖြေရှင်းချက်များကို ပေးသည်....
ထိုအပြောတွေကြောင့် Qတစ်ယောက် ၃၂ချောင်းလုံးကိုပေါ်အောင် ဖြီးနေတော့သည်.....
Q- "ရပါတယ်ဗျာ ဒါနဲ့ ဟိုနှစ်ယောက်ကရော"
တစ်ဖက်က ရေခဲတုံး နှစ်ယောက်ကို ကြည့်တော့ လူသတ်တော့မယ့်အကြည့်တွေနဲ့ ကြည့်နေလေရဲ့...
AKN- "စောက်လုပ်စောက်ကိုင်နဲ့လေ ငါတို့က"
AHMN- "နင့်လို စောက်လုပ်မရှိဘဲ လူတကာကို မေးခွန်းလိုက်မေးနေတဲ့သူ မဟုတ်ဘူး"
ပြောလာတဲ့ စကားတွေကိုက သူ့ကိုသဘောမကြမှန်း သိသာလွန်းသည်....
Q- "ခဏလေးပါဘဲ....ထိုင်ထိုင်...."
Qက ထိပ်ကနေထိုင်ပြီး AKNနဲ့SYNက တစ်ဖက်ထိုင်ပြီး AHMNနဲ့SMKက တစ်ဖက်ထိုင်သည်....
မျက်နှာတည်တင်းထားသည်မှာလည်း လုံးဝမလျော့ချေ....
Q- "အဟမ်း! ကျနော် အခုလိုခေါ်ရချင်းက_"
AKN- "လိုရင်းကိုသာ ပြော!"
SYN- "မာမီ~"
အမူအရာတွေဟန်တွေလုပ်နေတဲ့ Qကို AKNက ပိတ်ဟောက်လိုက်တော့ ဘေးနားက ထိုင်နေသည့် SYNက လက်လေးကိုင်ကာ တားသည်....
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Romance(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ" သူတို့ဟာ ဘယ်သူတွ...