မောင်နှမနှစ်ယောက် အလုပ်အကြောင်းပြောလိုက် မိသားစုအကြောင်း ပြောလိုက်နှင့် အချိန်ဖြုန်းနေကြသည်။ ဖူးဟာ သူအိမ်တော်မှာ မရှိတုန်းက အရာတွေအားလုံးကို ပြန်မေးကာ မင်းနွယ်ကလည်း စိတ်ရှည်လက်ရှည် ဖြေပေးနေလေသည်။
"ဆိုတော့ ဖူးငယ်က အဲ့ဒီမိန်းကလေးစီမှာ နေနေတာပေါ့"
"အင်း ဟုတ်တယ် ကိုကို...."
ထိုသို့ပြောပြီးသည်နှင့် အခန်းလေးဟာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ မင်းနွယ်က တစ်ခုခုကို သတိရသည့်ပုံဖြင့် နာရီကို ကြည့်လိုက်တော့ ကိုကိုမျက်နှာဟာ အံ့သြသွားသည့်ပုံဖြစ်သွားသည်။
"အာ....ကိုကိုသွားရတော့မယ်။ ကလျာ မျှော်နေတော့မှာရယ်။"
ကိုကိုက ထိုသို့ပြောပြီး ဆိုဖာကနေ ထလိုက်ကာ ပြန်ဖို့ပြင်လိုက်သည်။
"ကိုကို....ဖူး နောက်ရက်တွေမှ လာခဲ့မယ်နော်။ မမကို ဒီအကြောင်းတွေ မပြောနဲ့။"
မင်းနွယ် ပြုံးပြီသာ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ရုံးခန်းထဲကနေ ထွက်လာလိုက်တော့သည်။ အပြင်၌ မင်းခနဲ့ ရွှန်းလဲ့မာန်က စကားပြောနေကြပြီး မင်းနွယ်ထွက်လာသည်ကိုတောင် မသိကြပေ။
"စစ်မင်းခ!"
"အာ...boss အမေ့!"
ဒေါသသံစွတ်ကာ ခေါ်လိုက်တော့ မင်းခတစ်
ကပြာကယာထလိုက်တာ ခြေချော်ပြီး လဲသွားသည်။ သို့သော်လည်း မင်းနွယ်က ထိန်းပေးလိုက်တာကြောင့် ရင်ခွင်ထဲ အံဝင်ဂွင်ကျ ရောက်သွားသည်။"Sor...Sorry Boss...."
"အင်း မင်းသာ ဂရုစိုက်..."
မင်းခရဲ့ မျက်နှာဖွေးဖွေးဟာ ရဲနေပြီး အရှက်လွန်နေလေသည်။ ရွှန်းလဲ့မာန်ကတော့ အရှေ့ကလူ၂ယောက်ကိုကြည့်ပြီး ပြုံးစိစိလုပ်နေတော့ မင်းခ ပိုလို့တောင် ရှက်မိသေးသည်။
"ဟို ဟို....ကားထုတ်သွားနှင့်မယ်...."
မင်းခတစ်ယောက် ထိုနေရာက အသည်းအသန် ပြေးထွက်သွားတော့သည်။
"ဟေး ငါလဲ လိုက်မှာလေ.."
မင်းနွယ်ကပါ ပြေးလိုက်တော့ companyထဲ၌ ပြေးလွှားသံတချို့ ပေါ်ထွက်သွားတော့သည်။
YOU ARE READING
𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞
Romance(ကြမ်းတမ်းသည့် စကားလုံးများ ပါသည့်အတွက် စာဖတ်သူ၏ သဘောထားအပေါ် မူတည်ပါသည်🔞) ဖခင်ကို မုန်းတီးနေကြတဲ့ အမွှာမောင်နှမ နှစ်ယောက် လောကကြီးထဲမှာ အကြမ်းတမ်းဆုံး လူသားတွေဖြစ်လာခဲ့သည် " Demonတွေက ဘယ်တုန်းက သူ့သားကောင်တွေကို လွှတ်ပေးခဲ့လို့လဲ" သူတို့ဟာ ဘယ်သူတွ...