Intro

1K 118 17
                                    

Unicode~

"​ဟော.. မင်း​ရောက်နေပြန်ပြီ"

သူ့မျက်ဆန်ညိုလဲ့လဲ့က တစ်ပတ်လည်သွားသည်။

ထိုAlphaက ယဲ့ယဲ့ပြုံး​တော့ နှုတ်ခမ်း​ထောင့်နှစ်ဖက်ကို ဝန်းရံ​နေသည့် ပါး​ပေါက်​သေး​သေး​လေးများ​ပေါ်လာသည်။
သူ မျက်​မှောင်ကြုတ်ကြည့်သည့်တိုင် မရပ်တန့်သွားသည့် ထိုအပြုံးဟာ နူးညံ့သည်လည်းမဟုတ် ကြမ်းရှသည်လည်းမဟုတ်။ သူ့​သွေး​ကြောအသိဉာဥ်ထဲ လှပ်ခနဲခုန်​ပေါက်သွားသည်ဆိုရုံ​လေးပင်။

"​ရော့.. မင်းရဲ့ဂျူတီကုတ်"

​ဟော.. ​နောက်ထပ်တစ်ကြိမ် သူ့မျက်ဆန်များ လည်ရပြန်ပြီ။

"ဒါသုံးထည်​မြောက်ပဲ"

မတတ်နိုင်ဘူး​လေဆိုသည့်အထားနှင့် မျက်ခုံးကိုပင့်ပြသည်။ ခပ်ရမ်းရမ်းခပ်ဂျစ်ဂျစ် Alphaတစ်​ယောက်၏ ပုံပန်းသဏ္ဌာန်အပြည့်။

"မင်းဒီတစ်သက် ငါ့ဂျူတီကုတ်​တွေပဲ ​​လျှော်​နေ​တော့မှာလား"

သူ့အသံအဖျား အမှန်တကယ်သိလိုစိတ်က ဆွတ်​နေပါသည်။ တစ်ခါ​တွေ့တိုင်း သူ့ဂျူတီကုတ်ကို တစ်နည်းနည်းနှင့် ​ပေကျံ​အောင်လုပ်ပြီး ​လျှော်​ပေးပါမည်ဟုဆိုကာ အတင်းယူယူသွားတတ်​သော သည်Alphaကို သူတကယ်ကို နားလည်ရခက်​နေသည်။

"ဒီလိုမှမဟုတ်ရင် ​တွေ့ခွင့်မှမ​ပေးဘဲ"

"ကြံကြီးစည်ရာ​တွေ လုပ်​နေတာပဲ"

"​ဟေး.. ကိုယ်က မအားမလပ်အချိန်​ထဲကဖဲ့ပြီး ​ပေးဆပ်ထားရတာ​နော်။ မင်းဝမ်းသာသင့်တာ"

"စိတ်အ​နှောင့်အယှက်ပဲဖြစ်ရတယ်"

ဟန်ပန်တကျ တည်တည်ငြိမ်ငြိမ်တုံ့ပြန်စကားဆိုသည်။ ဘယ်ဘက်ရင်အုံက ဆူဆူညံညံတီးဝိုင်းကြီးကို မျက်နှာပူပူနှင့်လျစ်လျူရှုထားရသဖြင့် ပါးပြင်နှစ်ဖက်က ပူ​နွေးလွန်း​​နေ၏။ သူ့လက်နှစ်ဖက်​တောင် ​ပျော့​ခွေခွန်အားမဲ့သွားသလိုပဲ။

"ငြိုငြင်တဲ့အသံနဲ့ ​ပြော​နေတာပဲ"

Alphaက မျက်ခမ်းစပ်ကို လက်ညှိုးနှင့်ဖွဖွကုတ်ခြစ်ရင်း ဆိုလာသည်။ ထိုအခါမှ ​ကော့ညွှတ်နက်​မှောင်​နေသည့် မျက်​တောင်ရှည်များကို သူသတိထားမိ​တော့တာပင်။ ညှို့အားဓါတ်က ထိုမျက်​တောင်များအ​ပေါ် တွဲလဲခိုလို့.. အန္တရာယ်များလိုက်ပုံများ​နော်..။

𝑩𝑟𝑜𝑜𝑘𝑙𝑦𝑛𝑛 𝑩𝑎𝑏𝑦Where stories live. Discover now