Part 1

285 44 4
                                    

​Unicode~

နေ​ရောင်ခြည်က ပြူထွက်သည် ဆိုရုံ​လေးပင်။ နှင်းကွဲချိန်က ​နွေး​​ထွေးသည်ဟု မဆိုသာ။ နံနက်ခင်းက ပိန်းပိတ်​နေ​သော မြူနှင်းများ အရည်​ပျော်ကွဲသွားသ​လောက်သာ။

Dewfordမြို့၏ ​အေးစက်မှုနှင့်တကွ​သော ​နေ့တစ်​နေ့ပင်။ ​နေ့ခင်းကာလမှာ ဟိုဟိုသည်သည် ကူးလူးသွားလာ​နေကြသူများ မနည်းလှ။ ​နွေးသ​ယောင်​​ယောင် ဥတုအချိန်အခါ​လေးကို အမှီသဟဲပြု၍ သွားလားလှုပ်ရှား​နေကြသူ​တွေချည်းသား။

​ကော်ဖီဆိုင်၏​လေထုက ​အေးစက်သိပ်သည်းလွန်းလှသည်။ Pheromoneရနံ့များ ပျံ့နှံ့​နေမလားမဆိုတတ်။ သူက​တော့ Betaတစ်​ယောက်ဖြစ်​နေသည့်အတွက် ထိုရနံ့များကို အထူးဂရုပြု​နေစရာမလိုပါ။

မျက်နှာချင်းဆိုင်မှာ ထိုင်​နေသူက ​အေး​ဆေးစွာဟန်ပန်မပျက်​သော်ငြား သူ့ပုခုံ​ပေါ်ကျ​ရောက်​နေသည့် ဖိအားက အ​တော်များပါ၏။ ထိုဖိအားနှင့်ပင် သူတုန်လှုပ်ဖို့ လုံ​လောက်​နေ​လေပြီ။ သူ့လက်များဟာ ထုံကျဥ်လို့​နေသည်။ မှာယူထား​သော ​ကော်ဖီ​ပူ​နွေး​နွေးဟာ အ​ငွေ့ခန်း၍ ​အေးစက်စပင်ပြု​နေပြီ။ သူ တစ်ငုံမျှပင် မသုံး​ဆောင်ရ​သေး။

"ဒါဆို ကျွန်​တော့်ကို ခွင့်ပြုပါဦး"

"​ကော်ဖီကုန်​အောင်​သောက်လိုက်ပါဦးလား"

"ဟင့်အင်း.. ကျွန်​တော်လူနာကြည့်စရာ​တွေရှိ​သေးတယ် အ​နွယ်​တော်"

ဒါဟာ အရိုကျိုးနိုင်ဆုံး​သော ငြင်းဆိုမှုပင်။ တကယ်လည်း ​ကော်ဖီတစ်ခွက်ကို သူ့အစာအိမ်က လက်ခံနိုင်မည်မဟုတ်ပါ။ အနွယ်​တော်Jeonဆိုသူ​ပေး​သော ဖိအားနှင့်တင် သည်တစ်​နေ့တာအာဟာရက လုံ​​လောက်​ချေပြီ။ တစ်ခါတစ်ရံများ သည်မဟာ​သွေးမဟာနွယ်ဝင်​တွေရဲ့ အမှုထမ်းဆရာဝန်ဆို​သော အဖြစ်မှ လွတ်ငြိမ်းခွင့်ရချင်စမ်းပါဘိ။

​နောက်ကျိကျိစိတ်အစဥ်က မှုန်ပြလို့​နေသည်။ သည်က​နေ့​တော့ မျက်​​မှောင်ကြုတ်နိုင်သမျှကြုတ်ထားမိတာများ မျက်ခုံးများဟာ ထိလုမတတ်။ စိတ်ပင်ပန်းရလွန်းသဖြင့် သူ့ကိုယ်သူ ရှိရင်းစွဲအသက်ထက် အိုစာ​နေမလားဟု​တောင် ​တွေးထင်မိလိုက်သည်။

𝑩𝑟𝑜𝑜𝑘𝑙𝑦𝑛𝑛 𝑩𝑎𝑏𝑦Where stories live. Discover now