Prologue

377 48 0
                                    

ဆော့မက်သရူးဆိုတဲ့ ကနေဒါ-ကိုရီးယား သွေးနှောကောင်‌လေးက နွေရာသီကို မကြိုက်တဲ့ ရှားပါးလူငယ်တွေထဲက တစ်ယောက်ဖြစ်တယ်။

နွေရာသီဆိုတာ သူ့အတွက်ကတော့ လနဲ့ ချီပြီး ပျင်းရိဖွယ်ကောင်းတဲ့ ပိတ်ရက်ရှည်ကြီးတစ်ခုသက်သက်သာ ဖြစ်တယ်။

အလုပ်လုပ်တယ်.. စာလေ့လာတယ်... အလုပ်လုပ်တယ်...စာလေ့လာတယ်...အလုပ်လုပ်တယ်...
ဒီလိုမျိုး လုံးလည်ချာလည်လိုက်နေတဲ့ သူ့အတွက် နွေရာသီကတော့ အဆိုးဆုံးပါပဲ။

ဒါပေမယ့် ဒီနှစ်နွေရာသီကတော့ ခါတိုင်းနဲ့ မတူဘဲ တမူထူးခြားဖို့ အကြောင်းဖန်လာတယ်။
ဘာလို့လဲဆိုတော့ အဖေဖြစ်သူက သူ့အသိမိတ်ဆွေတစ်ယောက်ကနေ တစ်ဆင့် သူ့အတွက် အလုပ်ရှာပေးထားတယ်။

သူလုပ်ရမယ့် အလုပ်က ဆယ်နှစ်သားလေးကို ကလေးထိန်းသဘောမျိုး ထိန်းပေးရမှာ ဖြစ်တယ်။ ကလေးတွေကို ချစ်တယ်လည်း မဟုတ်၊ မုန်းတယ်လည်း မဟုတ်တဲ့ သူ့အတွက် သိပ်၀န်မကြီးဘူး ထင်ရတဲ့ ဒီအလုပ်ကို လိုလိုလားလား လက်ခံခဲ့လိုက်တယ်။ လက်ခံဆို ပေးတဲ့ လစာကလည်း များသကိုး။

မနက်ဖြန်ကျရင် သူ စပြီး သူစိမ်းတွေရှိတဲ့ အိမ်ကြီးကို သွားပြီး အဲ့အိမ်က ကလေးကို ထိန်းပေးရတော့မယ်။ အနည်းငယ်တော့ စိတ်လှုပ်ရှားပါရဲ့။

ကြားထဲက အဖေ့ကိုလည်း သူ မျက်နှာမပျက်စေချင်တာမို့ အတတ်နိုင်ဆုံး အဆင်ပြေပြေဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ထားတယ်။

သူအတွေးတွေများနေတုန်းမှာ ‌အဖေဖြစ်သူထံမှ ဖုန်းကောလ်၀င်လာတယ်။

"ဟယ်လို အဖေ"

"မက်သရူး... မင်းမှတ်မိတယ်မလား အဖေပြောထားတာ မနက်ဖြန်..."

"မနက်ဖြန် အလုပ်စဆင်းရမှာကိုလား သိပါတယ် အဖေရဲ့"

"အေးအေး သိတယ်ဆိုလည်း ပြီးရောကွာ.. ကင်မ်မိသားစုက သဘောကောင်းတဲ့ မိသားစုမို့ စိတ်ပူစရာတော့ မရှိဘူး သား... မစ္စတာကင်မ်ရော မစ္စစ် ကင်မ်ရောက အဖေတို့နဲ့ တစ်မြို့တည်းသားတွေကွ... သူတို့ သားတွေလည်း အဖေသေချာ မမြင်ဖူးပေမယ့် လူတော်လေးတွေလို့ ကြားထားတယ်"

I Don't Do Love Where stories live. Discover now