"ယူဂျင်းလေးက သားအကြောင်းကို ပြောလို့ကို မဆုံးတာကွယ်"
"သားကို အတော်လေး သဘောကျနေပုံရတယ် တကယ်ကို အံ့ဩစရာပဲ သားလေးက ပုံမှန်ဆို လူစိမ်းနဲ့ ရင်းနှီးဖို့ တအားခက်တာ.."
ဒီနေ့က အလုပ်ဆင်းစရာ မလိုတဲ့ စနေနေ့ဖြစ်ပေမယ့် မစ္စစ်ကင်မ်က သူရှိတုန်း အိမ်ကို လာလည်ပါဦးလို့ ဖိတ်ခေါ်တာကြောင့် မက်သရူးက ရောက်နေရတာဖြစ်တယ်။
မနေ့တစ်နေ့ကမှ ဖြစ်ထားတဲ့ မျက်နှာပူစရာ ကိစ္စတစ်ခုကြောင့် သူ မလာချင်တဲ့ ကြားက သူ အားခဲပြီး လာခဲ့ရတယ်။
သူ့ကို ချီးကျူးခန်းဖွင့်နေတဲ့ မစ္စစ်ကင်မ် ပြောသမျှကို မက်သရူးက ပြုံးပြီး နားထောင်နေတယ်။ စိတ်ထဲမှာလည်း ပီတိကလေး ဖြစ်လို့နေတယ်။ တစ်ပတ်ကျော်သာ ကြာပြီးတဲ့နောက်မှာ ယူဂျင်းလေးက သူ့အပေါ် အတော်လေး ခင်တွယ်လာပြီ ဖြစ်တယ်။
တစ်စုံတစ်ယောက်နဲ့ကတော့ အခြေအနေက မတိုးတက်လာတဲ့အပြင် ဆုတ်ယုတ်ခြင်းကပ်ပင် စိုက်ချင်နေသည်။
"ဂျီဝွန်း! သား ကော်ဖီသောက်ဦးမလား"
မစ္စစ်ကင်မ်က ခုမှ ထမင်းစားခန်းထဲ ၀င်လာတဲ့ သားကြီးဖြစ်သူကို လှမ်းမေးလိုက်ချိန်မှာ မက်သရူးရဲ့ ခန္ဓာကိုယ်က မတ်ခနဲ တောင့်တင်းသွားရတယ်။
"ရတယ် ကိုယ့်ဘာသာကိုယ် ဖျော်သောက်လိုက်မယ်"
"ဒီနေ့ သား ဘာအစီအစဉ်ရှိလဲ"
မက်သရူးထိုင်နေတဲ့ ခုံ အနောက်ဘက်ကနေ ကင်မ်ဂျီဝွန်းက ဖြတ်လျှောက်သွားတယ်။
ကျောပြင်တလျှောက် စိမ့်ကနဲ ဖြစ်သွားရပြီး...
အလိုလို ပခုံးကျုံ့မိသွားတယ်။"ဒီနေ့ ဂယူဗင်းနဲ့ ဂွန်ဝုတို့ အိမ်ကို လာမယ် ပြောတယ်.."
"ဪ ကောင်းသားပဲ မက်သရူးကိုလည်း ခေါ်ဆော့ကြပေါ့"
မစ္စစ်ကင်မ် စကားအဆုံး ဂျီဝွန်းက မက်သရူးကို လှမ်းကြည့်တယ်။ ဗလာနတ္ထိ အေးတိအေးစက် အကြည့်တွေနဲ့...
မက်သရူးကတော့ ခေါင်းကိုသာ ငုံ့ထားရင်း.."ရပါတယ် မစ္စစ်ကင်မ် ကျွန်တော်က ယူဂျင်းလေးနဲ့ပဲ ဆော့နေလိုက်ပါ့မယ်"
YOU ARE READING
I Don't Do Love
Fanfictionကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူနဲ့ အကြည့်ချင်းဆုံသွားတယ်။ ကျွန်တော့်ကို ငေးမောကြည့်နေတဲ့ သူ့မျက်၀န်းတွေက ရူးရူးမူးမူး စွဲလမ်းပစ်ဖို့ ကောင်းတယ်။ နောက်ပြီး သူက နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားတဲ့အထိ ကျွန်တော့်ကို ပြုံးပြသေးတယ်။ "ဘ...