စက်ဘီးပေါ်မတက်ခင် သူ့အိတ်ကို တစ်ခေါက် ပြန်စစ်လိုက်တယ်။ ဖုန်းအားသွင်းကြိုး၊ ပုံဆွဲစာအုပ်...
ပစ္စည်းအားလုံးစုံပြီဆိုတာ သေချာတော့ စက်ဘီးနင်းပြီး စတင် ထွက်ခွာတော့တယ်။သူ့အိမ်ကနေဆို ကင်မ်မိသားစုအိမ်ကို ရောက်ဖို့က ဆယ်မိနစ်လောက် ကြာအောင် စက်ဘီးနင်းရမှာ ဖြစ်တယ်။ ဒီလောက်အကြာကြီး မနင်းဖူးပေမယ့် ဒီနေ့တော့ လေ့ကျင့်ခန်းလုပ်တယ် သဘောထားပြီး နင်းကြည့်ဖို့ ဆုံးဖြတ်ထားတယ်။
.
.
.
.
.
.
"အိုး.... မိုင်.... ဂေါ့""ဒါက တကယ့်ကို ကြီးကြီးတက်ချမ်းသာတဲ့ သူဌေးတွေမှ နေနိုင်တဲ့ အိမ်မျိုးလေ... အာ..မှားလို့ အိမ်မဟုတ်ဘူး နန်းတော်ကြီးလို့တောင် ပြောလို့ရတယ်။
ခြံတံခါး၀ကို သွားပြီး သူသိထားတဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်တယ်။ ခမ်းနားထည်ဝါလှတဲ့ ခြံတံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်လာချိန်မှာ သူအသက်ကို ပြင်းပြင်းရှူသွင်းလိုက်တယ်။
"အာ... Shit!! ဘာလို့ အခုမှ နှလုံးက သေမလို ခုန်နေရတာလဲ"
အသက်ကို ၀အောင် ရှူပြီးတဲ့ နောက်မှာ
လှေကားတွေကို ကျော်တက်ပြီး အိမ်တံခါးရှေ့မှာ ရပ်လိုက်တယ်။
လျှို့ဝှက်နံပါတ် ရိုက်ထည့်ဖို့ ပြင်ပြီးကာမှ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်တယ်။ အထဲမှာ သားအကြီးဖြစ်သူ ရှိနေတာပဲ။ သူစိမ်းဖြစ်တဲ့သူက ဒီတိုင်းကြီး ၀င်သွားတာက ယဉ်ကျေးမှုမရှိတာ ကျတယ်လို့ သူတွေးမိတဲ့အတွက် လူခေါ်ဘဲလ်ခလုတ်ကို နှိပ်လိုက်တယ်။
...
...
နောက်တစ်ကြိမ် ထပ်နှိပ်လိုက်ပြီး သုံးမိနစ်လောက် အကြာမှာတော့ တံခါးကို အထဲကနေ တစ်စုံတစ်ယောက်က ဆွဲဖွင့်လိုက်တယ်။တံခါး၀မှာ ပေါ်လာတဲ့ ထိုသူကြောင့် မက်သရူးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။
/ ကင်မ်ဂျီဝွန်း???? /
ဟုတ်ပါရဲ့... ဂျီဝွန်း... ကင်မ်... နာမည်အပြည့်အစုံကြီး သိထားရဲ့သားနဲ့ သူ ဘာလို့များ ဒီ ကင်မ်ဂျီဝွန်း ဖြစ်နေမယ်လို့ မတွေးမိခဲ့ရတာပါလိမ့်။
ခုမှ အိပ်ရာက ထလာသလို ပွယောင်းနေတဲ့ ဆံပင်တွေနဲ့လည်း သူ့ရှေ့က လူသားက ကြည့်ကောင်းလို့နေတယ်။
YOU ARE READING
I Don't Do Love
Fanfictionကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူနဲ့ အကြည့်ချင်းဆုံသွားတယ်။ ကျွန်တော့်ကို ငေးမောကြည့်နေတဲ့ သူ့မျက်၀န်းတွေက ရူးရူးမူးမူး စွဲလမ်းပစ်ဖို့ ကောင်းတယ်။ နောက်ပြီး သူက နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်သွားတဲ့အထိ ကျွန်တော့်ကို ပြုံးပြသေးတယ်။ "ဘ...