နွေးသက်ပိုင် သူ့လက်ထဲက စာရွက်ကို ဂရုတစိုက်ကိုင်တွယ်၍ စာအိတ်ထဲပြန်ထည့်လိုက်သည်။နွေးသက်ပိုင်ဆိုတာက ဖြူဖွေးသောအသားအရောင်၊ရှည်လျားသောအရပ်နှင့် ကြံ့ခိုင်သောခန္ဓာကိုယ်တို့ရှိသည့် တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား။ရုပ်ရည်က အချောကြီးမဟုတ်သော်လည်း ကြည်လင်သောဟန်မူရာ၊ပြေပျစ်သောအရပ်အမောင်းတို့ကြောင့်လူရည်သန့်ထဲတွင်တော့ပါပါသည်။ထိုစဉ် တံခါးဖွင့်သံနှင့်အတူ အထဲဝင်လာသည့် သူ့အခန်းဖော် နေလတ်မောင်မောင်။
"ဟေ့ကောင် သက်ပိုင်မင်းဆီကို အဓိပတိကြီးဆီက စာရောက်လာပြီလား"
"အင်း"
"ဟုတ်လား ဘယ်မြို့နယ်တဲ့လဲ"
"မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တဲ့"
"ဒါဆိုမတူဘူးပဲ ဟူး...ငါကမင်းနဲ့တူတူသွားချင်တာကို ...အဓိပတိကြီးကလည်းဘာဖြစ်လို့လဲမသိဘူးနော်...အရင်စီနီယာတွေတုန်းက ဒီလိုကွင်းမဆင်းခိုင်းပါဘူး"
"ဒါတော့ငါလဲ မသိဘူးဟေ့ ...ဘာပဲဖြစ်ဖြစ်အတွေ့အကြုံရတာပေါ့ကွာ...ဘွဲ့ရရင်လဲဒီလိုပဲသွားရမယ့်ဥစ္စာ..."
"ဒါတော့ ဒါပေါ့ကွာ...အေးငါအပြင်ခဏသွားဦးမယ်ကွာ"
"အေး...အဆောင်မှူးမေးရင်ငါဘာမှမသိဘူးနော်"
သူတစ်ချက်အော်ပြောလိုက်တော့ အပြင်ရောက်နေပြီဖြစ်သည့် နေလတ်ထံမှဆဲဆိုသံများထွက်လာသည်။သူတစ်ချက်ပြုံးလိုက်တော့ ထွက်ပေါ်လာသည့်ပါးချိုင့်လေးက ပါးပြင်ပေါ်မှာခွက်ခနဲ ။ထို့နောက် ဖတ်လက်စစာအုပ်ထူကြီးကိုပိတ်ကာ သူ့ကွင်းဆင်းရမည့် ကျောင်းအကြောင်းလေ့လာနေလိုက်တော့သည်။
*************©®©*************
"ဂရုစိုက်ပြီးသွားပါ သားရယ်...မေမေဖြင့်စိတ်မအေးနိုင်ဘူးကွယ်"
"ဒေါ်ချစ်သက်လယ်...ခင်ဗျားသားကကျောင်းဆရာသွားပြမှာနော်...ရှေ့တန်းထွက်ရမှာမဟုတ်ဘူး"
"အို ကျွန်မကကော ရှင့်ကိုဘာပြုနေလိုတုန်း...ကျွန်မသားအတွက်ကျွန်မစိတ်ပူတာဆန်းသလား...သားလေးကနယ်ဘက်သွားရမှာရှင့်...အဲ့မှာရေတွေမီးတွေရမရက"
YOU ARE READING
ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)
Short Storyစံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌