Part 2

7.2K 250 6
                                    

"ဟယ်လို ဆရာလေး အကြိုလွှတ်လိုက်ပြီနော်"

"ဟုတ်ကျေးဇူးပါဗျ "

ဖုန်းကိုချလိုက်ပြီး မကြာခင်မှာပင်ကြားလိုက်ရသည့် တဒေါက်ဒေါက်အသံ။ဘေးသို့လှည့်ကြည့်လိုက်တော့ ကားမှန်ကိုလာခေါက်နေသော လူတစ်ယောက်။မှန်ချလိုက်တော့ ဆိုင်ကယ်ဦးထုပ်အနက်ရောင်အောက်မှ စုကျုံ့ထားသည့် မျက်ခုံးတစ်စုံနှင့် ကားမှန်ဘောင်ပေါ်တင်လာသည့်လက်တစ်ဖက်။ဖြူစိမ်းဝတ်စုံနဲ့မို့ ကျောင်းဆရာထင်ပါရဲ့။ဒါဆိုသူနဲ့တာဝန်တူတူထမ်းဆောင်ရမဲ့ သူဆိုတော့တည့်အောင်ပေါင်းထားရမည်။ထိုအတွေးကြောသ့် သွားကလေးဖြဲကာ မူပိုင်ပါးချိုင့်ခွက်ရေးရေးကလေးပေါ်အောင်ပြုံးပြလိုက်မိသည်။

"နွေးသက်ပိုင်ဆိုတာ ခင်ဗျားလား"

"ဟမ်"

သက်ပိုင် မျက်လုံးလေးပြူးလို့ပြန်ကြောင် ကြည့်မိတော့ မပီမသထွက်ပေါ်လာသည့် ကျစ်ခနဲစုတ်သပ်လိုက်သံ။

"ဟုတ်…ဟုတ်ပါတယ် ဒီကဘယ်သူများလဲ"

"ခင်ဗျားကို လာကြိုတဲ့သူ"

"အာ……လာကြိုတဲ့သူ"

သူကားပေါ်က ဆင်းလိုက်ပြီးဆိုင်ကယ်ပေါ်တက်ထိုင်လိုက်သည်။

"ခင်ဗျားပဲလား"

"ဟမ်…ဘာကိုလဲ"

"ပစ္စည်းတွေရော"

"ဪ…အမ်…အမ်ဟုတ်တယ်…ခရီးဆောင်အိတ်တွေ မေ့တော့မလို့"

"ဒါကိုပြောတာမဟုတ်ဘူး ခရီးဆောင်အိတ်ကို ဆိုင်ကယ်ပေါ်ဘယ်လိုတင်မလို့လား"

"ဟမ်…ဪ ဒါဆိုဘာကိုပြောတာလဲ"

"ဘာမှမဟုတ်တော့ဘူး …ကြောင်တောင်တောင်နဲ့"

ထိုစကားကိုတော့ အားနာမှုအလျင်းမရှိပဲ သူကြားလောက်သည့်အသံနှင့်ပြောလာသည်။ကျွန်‌ေတာ့်လက်ဖဝါးတစ်ခုလုံး ချွေးစေးတွေပြန်ပြီး စကားလုံးတွေကလဲလည်ချောင်းထဲကထွက်မလာပဲ အာစေးမိနေခဲ့သည်။တစ်သက်နှင့်တစ်ကိုယ် ကျွန်တော့်ကိုဒီလိုလာဆက်ဆံဖူးသူမရှိခဲ့။ကျွန်တော့်ဘဝတွင် ပထမဦးဆုံးအကြိမ် ခြေမကိုင်မိ လက်မကိုင်မိဖြစ်မိခြင်းပင် ။ဆိုင်ကယ်နောက်ခုံတွင်ထိုင်နေသော ကျွန်တော့်ဆီသို့ဆိုင်းကယ်ဦးထုပ်တစ်ခုပေးလာသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now