Unicode
သက်ပိုင်နှင့် ဖုန်းပြောပြီးတော့ နေလတ်ဖုန်းကိုပြန်သိမ်းကာ ရှမ်းခေါက်ဆွဲတစ်ပွဲနှင့်တို့ဟူးကြော်တစ်ပွဲမှာလိုက်သည်။ဒီဆိုင်က လူတော်တော်ကျသည်ဟုပြောရမည် မှာထားသည်က ကြာသော်လည်းရောက်မလာသေး။သူ့ဘေးတွင်ထိုင်နေသည့် ဖြူဖြူဥဥကောင်လေးအား ဟီးခနဲပြုံးပြလိုက်သော်လည်း တုံ့ပြန်မှုကတော့ဗလာ။
"ဒါနဲ့ ဒီကညီလေးနာမည်က"
"နေစိုင်းနောင်"
"ဪ…အစ်ကို့နာမည်က နေလတ်မောင်မောင်ပါ"
"………"
"ဒါနဲ့အစ်ကိုတို့က ရေစက်ရှိတယ်နဲ့တူတယ်နော်"
"ဘာရေစက်လဲ"
"နာမည်တူတယ်လေ နောင်က နေစိုင်းနောင် အစ်ကိုကနေလတ်မောင်မောင်လေ အဲ့တော့ ဒါကိုနာမည်ပေးရင်ကောင်းမလဲ"
"………"
"နေ-နေ ရေစက် လှတယ်မလား"
"ကပေါက်တတ်ကပေါက်ချာတွေ"
"ဟီးဟီး"
နေလတ်မောင်မောင်ခဗျာ နွားပြာကြီးတဟီးဟီးရယ်သကဲ့သို့ဖြစ်နေရှာတော့သည်။ဗိုက်သည် အစားအစာကိုအလွန်ပင်လိုလားတောင့်တနေချေပြီ။ထိုအချိန်တွင် စားပွဲဝိုင်းပေါ်သို့ချလာသည့် ရှမ်းခေါက်ဆွဲတစ်ပွဲနှင့် တို့ဟူးကြော်တစ်ပွဲ။သင်းခနဲ သူ့နှာခေါင်းဝသို့ရောက်ရှိလာသည့် ဟင်းနံ့လှိုင်လှိုင်တို့ကြောင့်ပေလော ဗိုက်ထဲမှပိုးများကပိုထလာသလို။ချက်ချင်းပင် ခေါင်ဆွဲပန်းကန်ကိုရှေ့သို့ဆွဲယူကာ တူကိုဖြုတ်၍ညှပ်ယူစားသောက်လိုက်သည်။အားလားလား ဗိုက်ဆာနေ၍လားတော့မသိကောင်းလိုက်သည့်အရသာ နူးနူးအိအိပူပူနွေးနွေးကလေး။သူမြိန်ရေယှက်ရေဖြင့် နောက်တစ်လုတ်အားပါးစပ်ထဲသို့သွတ်ခါနီးတွင်မှ အလိုမကျသလိုထွက်ပေါ်လာသည့် အသံသေးသေး။သူမော့ကြည့်လိုက်တော့ မျက်ခုံးတွေကိုအနည်းငယ်စုကျုံ့ထားကာ နှာခေါင်းကလည်းမသိမသာရှုတ်ထားသေးသည်။
"ဒီမှာ ဒီမှာ."
"ဟင်"
"ဒီဟာက ကျုပ်ဟာ"
"ဟမ်"
သူမျက်လုံးတစ်ချက်ပြူးပြ၍ နားမလည်ဟန်ဟမ်တစ်လုံးလိုက်လိုက်တော့ စိတ်မရှည်ဟန်တစ်ချက်စုပ်သပ်လာသည်။
YOU ARE READING
ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)
Truyện Ngắnစံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌