#1

6 0 0
                                    

ကိုယ်က အခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုစိတ်မျိုးရှိနေလဲဆိုတာကို အမြဲစိတ်ဝင်စားခဲ့ပါတယ်။
ကိုယ်ဟာ အခြားသူတစ်ယောက်အတွက် ဘယ်လိုဖြစ်တည်မှုလဲဆိုတာ အမြဲသိချင်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ် ကိုယ်တိုင်က "ဘယ်လိုခံစားနေရသလဲ" ဆိုတဲ့မေးခွန်းတွေကို မုန်းသလို သူများကိုလည်းတစ်ခါမှမမေးခဲ့ဖူးပါဘူး။
ချစ်ခြင်းမေတ္တာကို ကျွမ်းကျွမ်းကျင်ကျင်ဖော်ပြတတ်ပေမဲ့လည်း ခံစားချက်တွေကိုတော့ မြိုသိပ်ထားလေ့ရှိပါတယ်။

လူတွေကိုမယုံတတ်တဲ့အကျင့်ကြောင့် ကိုယ်တိုင်ဟာလဲ ဒီလူကို ငါပိုင်တယ်လို့ တစ်ခါမှမတွေးခဲ့ဖူးသလို သူတို့ခံစားချက်တွေကိုလည်း အမြဲသံသယမကင်းတဲ့စိတ်နဲ့နေလေ့ရှိပါတယ်။

ကိုယ် ချစ်ရသူတွေ၊ ကိုယ် ချစ်ခင်ရသူတွေဟာ ကိုယ််ကိုရော ထပ်တူထပ်မျှ ချစ်ပါရဲ့လား။
ဒါမှမဟုတ် ချစ်ရောချစ်ပါရဲ့လား။

"သူသည်" ဒါမှမဟုတ် "သူတို့သည်"
ကိုယ့် အနေနဲ့ စိတ်ကူးယဉ်ခံစားချက်တွေကိုအသုံးချပြီး ကိုယ် တန်ဖိုးထားရသူတွေရဲ့
ကိုယ့် အ‌ပေါ်ထားတဲ့ ခံစားချက်တွေကို ရံဖန်ရံခါ သီကြူးသွားချင်ပါတယ်။
သူတို့စိတ်အစစ်အမှန်မဟုတ်တာကြောင့် ဒါတွေဟာလည်း အတုအယောင်တွေပါပဲ။
ဒါပေမဲ့ ကိုယ့်ရဲ့စိတ်မဟုတ်တဲ့ သူတို့စိတ်တွေကို ပုံတူပန်းချီကားတစ်ချပ်ဆွဲသလို ယောင်ယောင်ရမ်းရမ်းနဲ့ပဲ ပုံဖော်ဖို့စိတ်ကူးလိုက်ရပါတယ်။




✾✿✾✿
5:58 P.M
9/9/2023

Mirror Where stories live. Discover now