#7

1 0 0
                                    


နေနိုင်အောင် နေပြခြင်းဟာ
"မာန"ဖြစ်ပြီး၊
ပြန်လာစေလိုခြင်းဟာ
"ဆန္ဒ"ဖြစ်တယ်။
ငြိမ်သက်နေရခြင်းဟာ
"စောင့်မျှော်နေခြင်း"ဖြစ်ပြီး၊
ဘယ်သူ့ကိုမှ ခေါ်မသွင်းတော့တဲ့
နေရာငယ်ဟာ မင်းအတွက်သာဖြစ်တယ်။
ဘယ်လို အရာမျိုးနဲ့မှ....
ရောရောနှောနှော မမေ့ပျောက်နိုင်ပါ။


☘️☘️☘️
10:02 A.M
15/9/2023

Mirror Where stories live. Discover now