ဆောင်းအကုန်နွေအကူးမို့
သူ့အကြောင်းတွေ အတွေးတော့ဘူးရယ်လို့
ဒီတစ်ခါနွေဦးကိုလဲညာရအုံးမယ်...။ကြွေကျလုလုသစ်ရွက်ခြောက်တွေရယ်
၀ေဒနာတွေအစပြုနေတဲ့
အတိတ်ဟောင်းတွေနဲ့.....
ဆွေးမြေ့ကျိုးပဲ့ခဲ့ရတဲ့ ကိုယ့်နှလုံးသားလေး
လေနှင်ရာလွင့်မျောလိုက်ချင်ရဲ့...။မလိုတော့ဘူးရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ
ပြန်မလုတော့သူမို့ မခေါ်ရက်ဘူးကွယ်...။သိပ်ချစ်ခဲ့ဖူးတဲ့ အရပ်ကိုဘဲ
ကျောခိုင်းဖို့ မျှော်လင့်ရင်းနဲ့
ဒီနွေအကူးမှာ....
သိပ်အထွေမထူးတော့ပါဘူးကွယ်..။နွေလေမမြူးပင်မယ့်လည်း
အရင်လိုကိုယ်ရူးတုန်းပါ အချစ်ရယ်.....။☘️☘️☘️
12:26 A.M
11/9/2023